၁၆.၆.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၄၅) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ K-Power Bank ဆိုလာအရောင်းဆိုင်တွင် ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ K-Power Bank Solar အရောင်းဆိုင်တွင် Li – ion Battery 24 V ဘထ္ထရီကို အားသွင်းစက်ဖြင့် အားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၅ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့် အင်ဗာတာ ၁၂လုံး၊ Li-ion ဘထ္ထရီအိုး ၈ လုံးနှင့် ဆိုင်ခန်းတို့ မီးလောင်ခဲ့သဖြင့် ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။