October 31, 2024

MT News

Written by Nay Moe

စမ်းချောင်းမြို့နယ်ရှိ စူပါလက်ဖက်ရည်ဆိုင်တွင် ဒီဇင်ဘာ၂၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဒလန်ဟုဆိုကာ စမ်းချောင်းတွင် ပစ်သတ်ခဲ့သည့်အနက် ရာအိမ်မှူးဆိုကာ ပစ်သတ်ခံရသူ ဦးထွန်းထွန်းမှာ သင်္ဘောအင်ဂျင်နီယာတစ်ဦးသာဖြစ်ပြီး မှားယွင်းသတ်ဖြတ်ခံရသည်ဟု မိသားစုဝင်များက တုံ့ပြန်မှုများ ပေါ်ထွက်လာခဲ့သည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအား ပစ်ခတ်သတ်ဖြတ်ခံရချိန်တိုင်း သူလျှို၊ ဒလန်၊ SAC ၏ ယန္တရားလည်ပတ်အောင်ပြုလုပ်ပေးနေ၍ သတ်ဖြတ်သည်ဟုဆိုကာ အမြဲတမ်းသတင်းဦးတင်ပြလေ့ရှိသည့် ခေတ်သစ်နှင့် မြန်မာနောင်း သတင်းဌာနများတွင် စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး သတ်ဖြတ်ခံရသည်ဟု ဦးစွာ သတင်းတင်ခဲ့ကြခြင်းဖြစ်ပြီး ခေတ်သစ်မီဒီယာတွင် ”စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နှင့် ရာအိမ်မှူး ထွန်းထွန်း လက်ဖက်ရည်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ဖက်ရည် ဆိုင်မှ CCTV ကို စစ်တပ်နှင့် ရဲက သိမ်းဆည်းသွားပြီး CCTV ပါ သေနတ်သမား ၂ ဦးကို ရှာဖွေ” ဟု သတင်းဖော်ပြခဲ့သလို Myanmar Now ကလည်း “ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် အုပ်ကြီးတစ်ဦး ပစ်သတ်ခံရ” ခေါင်းစဥ်ဖြင့် ရေးသားကာ ရာအိမ်မှူးဆိုသူကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည်ဟု ပစ်ခတ်သတ်ဖြတ်ခဲ့သည့် မြို့ပြပြောက်ကျားအဖွဲ့ ပြောစကားအပေါ် ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။

ထိုသို့ မြန်မာနောင်းနှင့် ခေတ်သစ်က ရေးသားမှုအပေါ် ရာအိမ်မှူးဦးထွန်းထွန်းအဖြစ် အမည်တပ်ပစ်သတ်ခံရသည့် တူဖြစ်သူ “ကို……” က သူ၏ လူမှုကွန်ရက်တွင် “မနက်က ကျွန်တော့်ဦးလေး လက်ဖက်ရည်ဆိုင်မှာ လူမှားပြီးပစ်သတ်ခံလိုက်ရပါတယ်။ တကယ်က ဆယ်အိမ်မှူးမဟုတ်ပါဘူး။ သင်္ဘောသားအရာရှိပါ။ မြန်မာပြည်ပြန်ရောက်တာ တစ်နှစ်မပြည့်သေးပါဘူး။ မနက်ကမှ ကိုယ်မေ…စမ်းချောင်းအုပ်ကြီးဆိုတဲ့…..ခေါ်လို့ အဲ့ဝိုင်းမှာသွားထိုင်ပါတယ်။ တစ်ခါတည်း ရောပြီး မဆိုင်တဲ့လူပါ ပစ်သ.တ်သွားပါတယ်။ တစ်ခုခုဆို Tragetနဲ့လုပ်ကြတာမဟုတ်ဘူးလား ? လုပ်မဲ့သူပဲ လုပ်လေဗျာ။ ဘာဖြစ်လို့ မဆိုင်တဲ့လူပါ ဆွဲခေါ်သွားကြတာလဲကွာ”ဟု ရေးသားထားသလို ခေတ်သစ်မီဒီယာ၏ဖော်ပြမှုပို့စ်ကိုပါ မျှဝေကာ “မင်းမေ ဆ. ပ. ရာအိမ်မှူးလား။ ီး $က် ဆင့်လောက်ကို။ မှန်းမနေဘူး။ ကိုယ်မေကိုယ် -ိုးတွေရဲ့”ဟု မျှဝေထားသည်။

ထို့အတူ ရာအိမ်မှူးဦးထွန်းထွန်းဆိုကာ လူမှား၍ ပစ်သ*်ခံရသူ၏ သမီးဖြစ်သူ “မ…..”ကလည်း “အဖေဆုံးသွားပါပြီ လူမှားပြီး..စ် သ..သွားပါပြီ။ ငါ-ိုးမ တော်လှန်ရေး” ဟု ရေးသားထားသည့်အပြင် Myanmar Now ၏ သတင်းကို Share ၍လည်း” အဆင်ပြေရင် share ပေးကြပါ။ ဘာဆိုဘာမှပြောနိုင်တဲ့ အချိန်မဟုတ်ပေမယ့် Blue Mark ရထားတဲ့ Page တွေက ဒလန် ဆယ်အိမ်မှူး ထွန်းထွန်းဦးဆိုပြီး ရေးနေကြလို့ပါ။ ညီမ အဖေက သင်္ဘောသား Chief Engineer ပါ။ ခုက ခဏ ပြန်နားနေပြီး နောက်လ ပြန်တက်ဖို့လုပ်ထားတာပါ။ ကြိုက်သလို အိမ်ရာထဲက လူတွေကို စုံစမ်းစစ်မေးလို့ရပါတယ်။ ညီမအတွက် မနက်စာ လက်ဖက်ရည်ဆိုင်သွားဝယ်ပေးတုန်း ဝေ/မြောက် အုပ်ကြီးက သူ့သားသင်္ဘောတက်ချင်လို့ဆိုပြီး လာထိုင်ပြီး မေးနေတုန်း သူ့ကိုပစ်ရင်း ညီမအဖေကိုပါ ပစ်သ တ်သွားတာပါ။ အဖေတစ်ယောက်လုံးဆုံးရှူံးထားတာ မဆိုင်ဘဲ သေသွားရတာပါ အားမရနိုင်လို့ ဒီလို စွပ်စွဲပြီး တင်နေတာက အဆင်မပြေပါဘူးရှင်။ Blue Mark များ ရထားပြီး Fact Check လုပ်သင့်ပြီးမှ တင်သင့်ပါတယ်။ အိမ်ရာထဲမှာ လူမုန်းလည်းမရှိသလို အမြဲကူညီနေတဲ့ အဖေပါ။ အုပ်ကြီးကို ပစ်လိုက်တဲ့ အချိန်မှာ လန့်ပြီး ထလိုက်တာကို အဖေ့ကို အဆုတ်ကို ပစ်လိုက်တာ။ အဖေတစ်ခု သမီးတစ်ခုပဲရှိတဲ့ ဘဝပါ။ အဖေ အသ တ်ခံရတာကို မကျေနပ်နိုင်ရတဲ့ကြားထဲ ဒလန်ဆိုတဲ့ဟာကပါ အဆင်မပြေပါဘူးရှင် ။ တောင်းပန်ပါတယ် Fact Check လေးတော့ လုပ်ပြီးမှ တင်ကြပါရှင့်”ဟု သတင်းမီဒီယာများ၏ မှားယွင်းရေးသားမှုကို မေတ္တာရပ်ခံထားသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ သဇင်လမ်း၊ စူပါ လက်ဖက်ရည်ဆိုင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေအောင်၊ ဆယ်အိမ်မှူး (ဆိုသူ) သင်္ဘော Chief Engineer ဦးထွန်းထွန်းဦး (၅၄) နှစ်နှင့် ကိုကျော်ကိုဟိန်းတို့သည် နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်မှစတင်၍ စူပါလက်ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ် ဆိုင်အတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာသည့် မြို့ပြပြောက်ကျား PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဖြိုးဝေအောင်တွင် ရင်ညွန့် ထိမှန်ဒဏ်ရာ ၁ ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ ၁ ချက်၊ ကျောကုန်းယာဘက် ထိမှန်ဒဏ်ရာ ၁ ချက်၊ ဦးထွန်းထွန်းဦးတွင် ယာရင်အုံထိမှန်ဒဏ်ရာ ၁ ချက်၊ ကျောကုန်းထိမှန်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ပြီး ကိုကျော်ကိုဟိန်းတွင် ယာလက်မောင်း ထိမှန်ဒဏ်ရာ ၁ ချက်ရခဲ့သည့် ဖြစ်စဥ်မှ ဆယ်အိမ်မှူး/ရာအိမ်မှူးဟု စွပ်စွဲခံရသည့် ဦးထွန်းထွန်းဦး၏ မိသားစုဝင်များက တုံ့ပြန်ဖြေရှင်းမှုလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *