October 24, 2024

၁၆. ၆. ၂၀၂၄
Written by Shwe Phyo

အရွယ်အစား လက်သည်းခွံလောက်သာရှိတဲ့ ငါးဟာ ခရီးသည်တင် လေယာဉ်အင်ဂျင်လောက် အသံထုတ်လုပ်နိုင်စွမ်းရှိတာကို လူအများအံအားသင့်ဖွယ်ဖြစ်နေကြကြောင်းသိရပါတယ်။

Danionella cerebrum အမည်ရှိငါးဟာ အရွယ်စား ၁၂ မီလီမီတာလောက်ပဲရှိကာ လက်သည်းခွံလောက်အရွယ်အစားဖြစ်ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းမြင်ရတယ်လို့ ဆိုပါတယ်။ အဲဒီငါးဟာ အသံထုတ်လွှင့်တဲ့ ကြွက်သားတွေနဲ့ အရိုးနုကို အသုံးပြုပြီး သေနတ်ပစ်ဖောက်သံလို ကျယ်လောင်လွန်းတဲ့ အသံမျိုး ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်အရ Danionella cerebrum ငါးဟာ အသံအကျယ်ဆုံး ထုတ်လုပ်နိုင်တဲ့ သတ္တဝါစာရင်းမှာ ထိပ်ပိုင်းစာရင်း ဝင်ခဲ့ပါတယ်။

Senckenberg Natural History Collections ငါးပညာရှင် ဒေါက်တာ ရက်ဖ်ဘရစ်ဇ်က ” ဒီငါးသေးသေးလေး ထုတ်လွှတ်တဲ့အသံကို အနီးကပ်နားထောင်ရင် ၁၄၀ ဒက်ဆီဘယ်ကျော် ရှိပါတယ်။ အဲဒီပမာဏဟာ လေယာဉ်ပျံတက်တော့မယ့်အချိန်မှာ မီတာ ၁၀၀ လောက်ကနေ ကြားရတဲ့အသံမျိုးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် Danionella cerebrum ငါးအထီးတွေမှာ အရိုးပိုမာတာကြောင့် အသံ ကျယ်လောင်စွာ ထုတ်လွှတ်နိုင်ပေမဲ့ ငါးအမတွေကတော့ အရိုးပျော့လို့ အသံကျယ်ကျယ် ထုတ်လွှတ်နိုင်ခြင်း မရှိဘူးလို့ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်ကတည်းက Danionella cerebrum ငါးနဲ့ Danionella translucida ငါးမျိုးစိတ်ကြား ခန္ဓာကိုယ်သွင်ပြင်ပိုင်းဆိုင်ရာ ခြားနားချက်တွေကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီငါးမျိုးစိတ်နှစ်ခုစလုံးဟာ အလွန်သေးငယ်သလို အလွန်တူညီတဲ့အတွက် သူတို့ရဲ့ ကွဲပြားမှုကို အဏုမြူမှန်ပြောင်းနဲ့ ကြည့်ရတယ်လို့ဆိုပါတယ်။

ဒေါက်တာ ရက်ဖ်ဘရစ်ဇ်က” အဲဒီ ငါးလေးဟာ အကွာအဝေး ၁၀ မီလီမီတာကနေ ၁၂ မီလီမီတာကြား အသံ 140 dB ကို ထုတ်လုပ်နိုင်တယ်။ အဲဒီငါးရဲ့အသံဟာ ခရီးသည်လေယာဉ်တစ်စီး အကွာအဝေး မီတာ ၁၀၀ကို ရောက်ရှိချိန် အင်ဂျင်သံနဲ့တူညီနေတယ်” လို့ ပြောပါတယ်။

REF Odditycentral

Leave a Reply

Your email address will not be published. Required fields are marked *