October 24, 2024

၁၆. ၆. ၂၀၂၄
Written by Thiri

တော်လှန်ရေးမှာပါဝင်နေတဲ့ အဆိုတော် ခင်ပွန်းဖြစ်သူဝဠာရှိရာ ထိုင်းနိုင်ငံမဲဆောက်မြို့ဆီ စင်ကာပူကနေ လာရောက်တွေ့ဆုံတဲ့ ဇနီးသည်ကို အိမ်တွင်းအကြမ်းဖက် လက်သီးနဲ့ ထိုးသတ်လို့ ဇနီးသည်ဦးနှောက်သွေးယိုကာ သေဆုံးခဲ့ပြီး အလောင်းကို မဲဆောက်ဆေးရုံ အအေးခန်းထဲ ပိုင်ရှင်မဲ့အဖြစ် စွန့်ပစ်ခံရတဲ့ ဖြစ်စဥ်က ကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်ရာ နေရာကို စုံစမ်းသိရှိရပြီလို့ ဖြစ်စဥ်ကိုစုံစမ်းဖော်ထုတ်ရေးသားနေသူ ထိုင်းအခြေစိုက် မြန်မာသတင်းထောက်ထံကနေ ထပ်မံ သိရှိရပါတယ်။

အဆိုပါ ကျုးလွန်သူ ဝဠာ(ခေါ်) ဇော်ဝင်းထွဋ်က မြဝတီခွင်ထဲမှာရှိနေတဲ့ Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါး တို့ဆီမှာ ကာလအတော်ကြာ ရောက်ရှိနေတာလို့ သိရပါတယ်။ ဒါကိုလည်း သတင်းထောက်က လွန်ခဲ့တဲ့ နှစ်ရက်ကမှ သိရှိရပြီး အခုဖြစ်စဥ်ကို ကျူးလွန်သူက ဘုန်းကြီးဝတ်ကာ ပုန်းခိုနေထိုင်နေတာလို့ ဆိုပါတယ်။ Lion Battalion ဘက်က ဖြစ်စဥ်သိရှိပြီး ဘုန်းကြီးကျောင်းလိုက်သွားချိန် ကျုးလွန်သူက တခြားဒကာတွေဆီ ခေတ္တသွားမယ်ဆိုပြီး ဘုန်းကြီးကျောင်းက ထွက်သွားနှင့်တာမို့ ထပ်မံလိုက်လံ ရှာဖွေနေတယ်လို့ နောက်ဆုံးအခြေအနေကို ပြောပြထားပါတယ်။

သေဆုံးသူ အမျိုးသမီးငယ် မနန္ဒ (ခ)မထက်ထက်ဇော် မိသားစုက သူတို့သမီးသေဆုံးရတဲ့ ဖြစ်စဥ်ကို ယာဥ်မတော်တဆမှုနဲ့ သေဆုံးတာလို့ သိရှိထားပြီး သင်္ဂြိုဟ်ပြီးစီးပြီလို့သာ သိရှိထားတယ်လို့လည်း ဆိုပါတယ်။ အခု သေဆုံးသူ အမျိုးသမီးငယ်ရဲ့  ကျန်ရစ်တဲ့ ကလေးငယ် နှစ်ဦးကိုလည်း ပြစ်မှုကျူးလွန်သူ ဝဠာ (ခေါ်) ဇော်ဝင်းထွဋ်ရဲ့ မိခင်က စောင့်ရှောက်ထားကြောင်းနဲ့ သေဆုံးသူ အမျိုးသမီးရဲ့ရုပ်အလောင်းကို မိသားစုက ပြည်တွင်းကို ပြန်လည်သယ်ယူလိုတဲ့ ဆန္ဒရှိနေပြီး မဲဆောက်ကို လိုက်လာချင်ပေမယ့် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဖြစ်စဥ်ကို ဖော်ထုတ်ရေးသားတဲ့ သတင်းထောက်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *