October 24, 2024

၁၆.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ အမှတ် ( ၃) နယ် မြေ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ ခြောက်ထပ်ကွေ့အဆင်းတွင် ယာဥ်ငယ်တစ်စီးအား ရှောင်သည့်တွဲကားမှာ အရှိန်လွန်၍ တိမ်းမှောက်ရာမှ ထိုတွဲကားပေါ်တွင် လိုက်ပါလာသည့် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက် ညခင်းအချိန်တွင် ယာဥ်တိမ်းမှောက်မူကြောင့် တွဲကားယာဥ်ထဲ၌ မိသားစုဝင် ၃ ဦးညပ်နေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေခံမီးသတ်စခန်းနှင့်အတူ ဒေသခံလူမှုကူညီရေးအသင်းမှ တွဲကားထဲ၌ ညပ်နေသည့် မိသားစုဝင် ၃ ဦးကို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“တွဲကားက ယာဥ်သေးကိုရှောင်တာ အဲ့ဒီမှာမှောက်သွားတာ။ တွဲကားထဲမှာတော့ မိသားစုဝင် ၃ ဦးလိုက်လာတယ်။ မိသားစုဝင် ၃ ဦးလုံး ဒဏ်ရာရတယ်”ဟု သန္တိသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုယာဥ်ထဲ၌ ညပ်နေသူများကို ယာဥ်ထဲမှ ကယ်ထုတ်ပြီး သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းယာဥ် ၂ စီးဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – သန္တိသုခလူမူကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *