၁၅.၆.၂၀၂၄
Written By Thandar
ပိုလန်နိုင်ငံမှာ ဇွန်လကနေ ဇူလိုင်လအထိ ကျင်းပသွားမယ့် Miss Supranational ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ‘ဒီး’ က သွားရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာပြည်ကနေ ယနေ့ ဇွန်လ ၁၅ ရက်မှာ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
“အခုလို အားပေးတဲ့ Fans တွေကြောင့် ဒီးအတွက် ပို ပိုပြီး အားဖြစ်စေပါတယ်။ သူတို့ကြောင့် ပိုပြီး ခွန်အားတွေလည်း ရတယ်။ Challenge ပြိုင်ပွဲအတွက် အားနည်းချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။ Challenge တွေအတွက် ဒီး အားစိုက်ထုတ်ပြီး ပြင်ဆင်ထားတယ်။ ဘာသာစကားပိုင်းမှာဆိုရင် Commnunicate ကောင်းကောင်းလုပ်နိုင်တယ်။ Accent ကတော့ ဒီးရဲ့ အားနည်းချက်လို့ မထင်ဘူး။ ဒီးရဲ့အားနည်းချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ပြီး လုပ်နိုင်တဲ့အရာကို အကောင်းဆုံးလုပ်မယ်လို့ ဒီး ပြင်ဆင်ထားပါတယ်” လို့ ဒီးက ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကြီးမှာတော့ အင်ဒိုနီးရှား ၊ ဂျပန် ၊ ဖိလစ်ပိုင် ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ အိန္ဒိယ ၊ ဒိုမီနီကန် ၊ ပွာတိုရီကို ၊ နိုင်ဂျီးရီးယား ၊ ဟေတီ ၊ မက္ကဆီကို ၊ တောင်အာဖရိက ၊ လာအို ၊ ဩစတေးလျ ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဒီးက ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။
သူမကတော့ အဆိုပါပြိုင်ပွဲကြီးမှာ အားပေးကြမယ့် Fans တွေ မသိသေးတဲ့ Talent ပိုင်းတွေကို Surprise ဖြစ်စေမယ့် အရာတွေ ချပြသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။