KIA နဲ့ PDF တွေရဲ့ ထိုးစစ်တွေနဲ့အတူ ကချင်ပြည်နယ်ဘက်မှာ စစ်ဘေးရှောင်ပြည်သူတွေတိုးလာတဲ့အခြေအနေ၊ လမ်းပန်းဆက်သွယ် ရေးပြတ်တောက်လို့ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ လက်ရှိကျောင်းဖွင့်ရာသီလုပ်ဆောင်ရမှုတွေ ကချင်ပြည်နယ်ငြိမ်းချမ်းစွာတိုးတက်ဖို့ ကြိုးပမ်းနေမှုအခြေအနေတွေအပေါ် MT News သတင်းဌာနက ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နဲ့ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
“နိုင်ငံတော်က NCA ရဲ့ ဦးဆောင်မှုနဲ့အတူ အားလုံးကြိုးစားမှ၊ နှစ်ဖက်လုံး ကြိုးစားမှ၊ လက်နက်ကိုင်တွေအား လုံးလည်း ကြိုးစားမှ၊ နောက်တစ်ခုကတော့ အိမ်နီးချင်းတွေလည်းကြိုးစားမှ အဲဒီအတိုင်းအတာအထိ လေးလေး နက်နက်လုပ်မှပဲ ခရီးရောက်မယ့်အတိုင်းအတာအခြေအနေမျိုးဖြစ်နေပါတယ်”
၁၅.၆.၂၀၂၄
Written By Zun
MT News ◾ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်တွေအတွက် လက်ရှိဘယ်လိုတွေ လုပ်ဆောင်နေပါသလဲ။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ ဒီမှာက တိုက်ပွဲရှောင်တွေ တော်တော်များများရှိပါတယ်။ တိုက်ပွဲရှောင်တွေကိုတော့ မိုးရာသီရောက်လာခါနီးဝင်လာပြီဖြစ်တဲ့အတွက်ကြောင့် မိုးလုံ၊ လေလုံလေးကတော့နေဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ အခုက တဲ တန်းလျားတွေ ဆောက်လုပ်ပေးနေတယ်။ သွပ်မိုး၊ ဝါးထရံကာ တချို့ကတော့ ငါးထပ်သားခင်းတယ်။ တချို့ကတော့ဝါးကြမ်းခင်း ခင်းတယ်။ ရေတွင်းတူးပေးတယ်။ အိမ်သာတူးပေးတယ်။ ရေချိုးတဲ့နေရာတွေ စီစဉ်ပေးတယ်။ နောက်ပြီး လျှပ်စစ်မီးတွေ သွယ်ပေးတယ်။ နောက်လောလောဆယ်စားဖို့အတွက်ကတော့ ဆန်တစ်အိတ်စီ၊ နောက်ခေါက်ဆွဲခြောက်တို့၊ ကြက်ဥတို့၊ ဆီတို့တတ်နိုင်သမျှ ထောက်ပံ့တယ်။ ဆန်ကတော့ လောလောဆယ် တစ်အိတ်စီ၊ တစ်အိတ်စီ အားလုံးကိုပေးထားတယ်။ တချို့ကတော့ တိုက်ပွဲတစ်ခါရှောင်ပြီးမှ အဲဒီမှာ နေသားနည်းနည်းကျအောင် ကျွန်တော်တို့အစိုးရနဲ့ သူတို့နဲ့ပူးပေါင်းပြီးတော့စီစဉ်နေတုန်းမှာ တဲတွေဘာတွေဆောက်လက်စတန်း လန်းမှာနှစ်ခါရှောင်။ အဲဒါတွေကို ပြန်စီစဉ်ပေးနေတယ်။ အဲ့လိုလုပ်ပေးနေတယ်။ အားလုံး ကျွန်တော်တို့ နေ့တိုင်း လိုလို ဒီတိုက်ပွဲရှောင်တွေကိစ္စ ဆောင်ရွက်ပေးနေတယ်။ နေ့တိုင်းနေ့တိုင်း (၄)ရပ်ကွက်၊ (၃)ရပ်ကွက်ပေါင်းပြီးတော့တစ်ဇုန်၊ နောက်(၃)ရပ်ကွက်၊ (၄)ရပ်ကွက်ပေါင်းပြီးတော့တစ်ဇုန် အဲဒီလိုပေါ့။ လိုအပ်တဲ့ဟာတွေမြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနေတယ်။ ကျောင်းတက်ဖို့ကိစ္စတွေဆောင်ရွက်ပေးတာ။ ကျန်းမာရေးကိစ္စတွေအားလုံး ဆောင် ရွက်ပေးတာ။ နောက် ကျွန်တော်ကသူတို့နဲ့သွားတွေ့၊တိုင်းပြည်နယ်မှူးတွေအကုန်ခေါ်ပြီးတော့တွေ့၊ အဲလိုတော့ကြိုးစားနေပါတယ်။
MT News ◾ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်သူ အရေအတွက် ဘယ်လောက် ရှိနိုင်မလဲ။ ပြီးတော့ တိုက်ပွဲရှောင်စခန်းအရေအတွက်ကကော ဘယ်လောက်လောက်ရှိနေပါပြီလဲ။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ ကချင်ပြည်နယ်ထဲမှာ ခရိုင် ၆ ခရိုင် ရှိတဲ့အထဲမှာတော့ တိုက်ပွဲရှောင်တွေ ရှိနေပါတယ်။ တိုက်ပွဲရှောင်တွေထဲမှာတော့ ဗန်းမော်မှာများတယ်။ ဝိုင်းမော်ကတော့ ဒုတိယများတာပေါ့။ မြစ်ကြီးနားကတော့ တတိယပေါ့။ ဗန်းမော်ကျတော့ မန်စီတို့ မိုးမောက်တို့ဘက်ကနေ ပတ်ဝန်းကျင်ကနေတိမ်းရှောင်လာတဲ့သူတွေ များပါတယ်။
MT News ◾ ကျောင်းဖွင့်တဲ့ကာလလည်းရောက်တော့ တိုက်ပွဲရှောင်တွေထဲက ကျောင်းသားကလေးတွေအတွက် ဘယ်လို စီစဉ် လုပ်ဆောင်နေပါသလဲ သိပါရစေ။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ အဲဒီပညာရေးမှာ အစိုးရနဲ့ပညာရေးဌာနနဲ့ပူးပေါင်းပြီးတော့ သူတို့တိမ်းရှောင်ပြီးတော့ နေတဲ့နေရာနဲ့ အနီးဆုံးကျောင်းတွေမှာ အကုန်လုံးထည့်ဖို့အတွက် ကျွန်တော်တို့ အဲဒါတော့ကောင်းကောင်းမွန်မွန် ဆောင်ရွက်ထားတယ်။နောက်ပြီး တစ်နိုင်ငံလုံး မူလတန်းကျောင်းဆိုရင် ကျောင်းဝတ်စုံတို့ ပုံနှိပ်စာတို့၊ ဗလာစာအုပ်တို့၊ ခဲတံ၊ ပေတံ အဲ့လိုပေါ့နော်။ အလယ်တန်း၊ အထက်တန်းဆိုလည်းဗလာစာအုပ်နဲ့ ပုံနှိပ်ပေးတဲ့ဟာတွေလည်း အကုန်လုံး စီစဉ်ပေးထားတယ်။ အဆင့်သင့်လုပ်ထားတယ်။ အဲဟာတွေကတော့ ကျွန်တော်တို့ပညာရေးဌာနကလည်းတက်တက်ကြွကြွ လုပ်နေကြတယ်။ မကြောက်မရွံ့ပေါ့။ ကျွန်တော်တို့အစိုးရနဲ့လက်တွဲပြီးတော့ပေါ့။ ဒီတိုက်ပွဲရှောင်တွေရှိတဲ့နေရာ Camp တွေသွားတဲ့အခါတိုင်းလည်း ပြည်နယ်ထဲမှာရှိတဲ့ ဆရာဝန်ကြီးတွေ၊ ပြည်နယ်ပညာရေးမှူးတွေ၊ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး၊ ပြည်နယ်မှူးတွေအကုန်ခေါ်ခေါ်သွားတယ်။ ဌာနဆိုင်ရာ အကုန်ခေါ်သွား ပြီးရင်ချက်ချင်း၊ ချက်ချင်းလုပ်ခိုင်းတာပေါ့။
MT News ◾ ကချင်ပြည်နယ်မှာဆိုလို့ရှိရင် ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ ဒီလို ဖြစ်နေတဲ့ကြားမှာပဲ ဝန်ကြီးချုပ်အနေနဲ့ ပြည်နယ်အတွင်းတိုက်ပွဲရှောင်ကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးတွေလည်း လုပ်နေတာ သိရပါ တယ်။ ဝန်ကြီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးကိစ္စကိုကော ဘယ်လိုတွေစဉ်းစားလုပ်ဆောင်နေပါသလဲ။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ ကျွန်တော်က အရင်တုန်းက ယဉ်ကျေးမှုအရရော ကချင်ပြည်နယ်နေ့အခမ်းအနားတွေ၊ မနောပွဲတော်ကြီး တွေ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတွေ၊ တိုက်ပွဲရှောင်တွေကို ၂၀၁၁၊၂၀၂၂ ခုနှစ်ထဲက တောက်လျှောက်ကူညီစောင့်ရှောက်လာတော့ ပြည်သူတွေအနေနဲ့တော့ ခင်မင်ရင်းနှီးတာများပါတယ်။ သူတို့လည်း ခင်ကြပါတယ်။ ဒါကြောင့်လည်းပဲ နေရာတကာ စားပြီးတော့သွားတာပေါ့လေ။ ဆိုတော့ ငြိမ်းချမ်းရေးအပိုင်း ကတော့ ကျွန်တော်တို့နိုင်ငံတော်က NCA က ဦးဆောင်မှုနဲ့ အတူ အားလုံးကြိုးစားမှ၊ နှစ်ဖက်လုံးကြိုးစားမှ၊ ကျွန်တော်တို့ လက်နက်ကိုင်တွေအားလုံးလည်းကြိုးစားမှ၊ နောက်တစ်ခုကတော့အိမ်နီးချင်းတွေလည်းကြိုးစားမှ အဲ့ဒီအတိုင်းအတာအထိ လေးလေးနက်နက်လုပ်မှပဲ ခရီးရောက်မယ့်အတိုင်းအတာအခြေအနေမျိုး ဖြစ်နေပါတယ်။ကျွန်တော်ကတော့ ကိုယ့်ပြည်နယ်အတွင်းမှာ တတ်နိုင်သမျှ၊ အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ်။
MT News ◾ လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ သယ်ယူပို့ဆောင်ရေး လမ်းခရီးတွေ အခြေအနေ ဘယ်လို အခြေ အနေ ရှိနေပါသလဲ။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ မြစ်ကြီးနားနဲ့ မိုးကောင်းရထားလည်းတောက်လျှောက်ဆွဲနေတယ်။ ဒီနေ့အထိဆွဲနေတယ်။အေးအေးချမ်းချမ်းနဲ့ဆွဲနေတယ်။ မိုးညှင်းကိုရထားနဲ့ဆွဲဖို့ကတော့ ကျွန်တော်တို့(၃)နေရာမှာ သံလမ်းတံတားပျက်စီးနေတော့ မိုးညှင်းဘက်တော့ဆွဲလို့ အခြေအနေမပေးဘူး။ဒါပေမဲ့ ဒီ မြစ်ကြီးနားနဲ့မိုးကောင်းကတော့ အားလုံးစောင့်ရှောက်မှုနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ပြည်သူတွေက အဲဒီကြားမှာ သူတို့စားဝတ်နေရေးဖြေရှင်းပြီးတော့ သွားနေကြတဲ့အနေအထားမျိုးရှိပါတယ်။ နောက် ကျွန်တော်တို့ ဆေးလိုက်ကုတာတို့ဘာတို့လည်းဆောင်ရွက်နေပါတယ်။
MT News ◾ ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက် ပြောကြားစရာ ရှိရင် ပြောကြားပေးပါဦး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ◾ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ သီရိပျံချီဘွဲ့တွေရရှိတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေ ရှိပါ တယ်။ ဟိုး၂၀၁၀ ပြည့်ကတည်းက ကြိုးစားလာနေတဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG) ဆိုတာ ရှိ တယ်။ အစစအရာရာ သူတို့နဲ့လည်း တိုင်ပင်ဆွေးနွေးပြီးတော့ကြိုးစားနေတယ်။ နောက်(မပခ)နဲ့လည်းပဲ တိုင်ပင်ဆွေးနွေးပြီးတော့ကြိုးစားနေတယ်။ နောက်ဘာသာရေးအသင်းအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီးတော့ ကြိုးစားနေပါ တယ်။ အဓိက ကတော့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာငြိမ်းချမ်းရေးအကျိုးတော်ဆောင်(PCG)ရှိနေတာကလည်းတော်တော့်ကို ပြည်နယ်က ပြည်သူတွေအတွက် အထောက်အကူပြုပေးပါတယ်။
MT News ◾ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။