၁၅ .၆ .၂၀၂၄
Written by MMAK
◾ဆွတ်ဇာလန် Vs ဟန်ဂေရီ
အုပ်စု -A က အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်တို့အုပ်စုထဲမှာ ပါဝင်နေတဲ့ ဆွတ်ဇာလန်နဲ့ ဟန်ဂေရီတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက အုပ်စုဒုတိယနေရာ ရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အိမ်ရှင်ဂျာမနီပြီးရင် အုပ်စုဒုတိယနေရာ လုရမဲ့နှစ်သင်းလို့ သတ်မှတ်ထားသလို ခြေစွမ်းကွာဟချက်နဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှု သိပ်မကွာတဲ့အသင်းတွေ ဖြစ်ပါတယ်။ ဆွတ်ဇာလန်အသင်းက ကစားသမားကောင်းတွေနဲ့ ကမ္ဘာ့အဆင့် ပိုမြင့်တယ်ဆိုပေမဲ့ ဟန်ဂေရီအသင်းကလည်းလျှော့တွက်လို့မရတဲ့ အသင်းဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာဆိုရင် ရှစ်ပွဲထိကစားခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ အမှတ်ပေးဇယား ထိပ်ဆုံးနေရာရခဲ့ပြီး တိုက်စစ်ခံစစ် မျှတစွာကစားနိုင်ကာ ယူရိုပြိုင်ပွဲကို ထိုက်ထိုက်တန်တန် ၀င်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆွတ်ဇာလန်အသင်းက အုပ်စုချောင်တဲ့ခြေစစ်ပွဲအဆင့်မှာတောင် ရုန်းကန်ခဲ့ရတာမျိုးတွေ့ရပြီး တိုက်စစ်ကောင်းတဲ့အသင်း ဖြစ်နေပေမဲ့ ခံစစ်ကလည်း သွင်းဂိုးတွေ ပြန်ပေးရတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဆွတ်ဇာလန်အသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးတစ်ဆယ်အရှုံးပေါက်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရဆို ဒီပွဲဟာ သရေကျမယ်လို့ယူဆထားပြီး တိုက်စစ်ကောင်းတဲ့ နှစ်သင်းဖြစ်သလို ခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းတွေ့ဆုံမှုမှာ ဂိုးပေါင်းကြေး နှစ်လုံးတစ်ဆယ်အရှုံးသာ ပေးထားတာဟာ သွင်းဂိုးတွေ အများကြီး မြင်ရဖို့ မရှိဘူးလို့ ယူဆမယ်ဆိုရင် ဘော်ဒီအောက်ကြေးကိုသာ ရွေးချယ်ရမှာ ဖြစ်ပြီး ဘော်ဒီကြေး ပြားခြောက်ဆယ် ပေးထားတာဟာ ဆွတ်ဇာလန်အသင်းက ကမ္ဘာ့အဆင့်ပိုမြင့်လို့ ကြေးကြောပြန်ပေးထားတဲ့သဘောလောက်သာ ရှိပါတယ်။ လက်ရှိခြေစွမ်း အတူတူလောက်အနေအထားမှာ သရေကျရင်တောင် ပြားခြောက်ဆယ်စားရမဲ့ ဟန်ဂေရီအသင်းကို ရွေးချယ်စေချင်ပါတယ်။
◾စပိန် Vs ခရိုအေးရှား
အုပ်စုခြောက်စု ခွဲထားရာမှာ အုပ်စု-B မှာဆိုရင် စပိန်၊ ခရိုအေးရှားနဲ့ အီတလီအသင်းတို့လို့ ပုံရိပ်မြင့်တဲ့ အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေကြတာကြောင့် မရဏအုပ်စုအဖြစ်သတ်မှတ်ထားသလို အယ်ဘေးနီးယားအသင်းကတော့ အိမ်ဖြည့်အသင်းလောက်သာ ဖြစ်သွားနိုင်ပါတယ်။ စပိန်နိုင်ငံလို အရည်အသွေးမြင့်ကစားသမား များစွာ ပေါ်ထွက်လေ့ရှိတဲ့အသင်းကြီးတွေရဲ့ ပြဿနာကတော့ အောင်မြင်မှုမရရင် နည်းပြတွေ ခဏခဏအပြောင်းအလဲလုပ်တတ်သလို လက်ရွေးစင်ကစားသမားရွေးချယ်ရာမှာ နည်းပြအသစ်ရဲ့ ကစားကွက်အလိုက် ကစားသမား ခေါ်ယူရတဲ့အခါ ကစားကွက်အထိုင်မကျတာတွေ ကစားပုံပြောင်းရတာတွေ ဖြစ်တတ်ပါတယ်။ ခရိုအေးရှားအသင်းကတော့ အဲဒီလိုမဟုတ်ဘဲ အထိုင်ကျပြီးသား နည်းပြနဲ့ အထိုင်ကျပြီးသား ကစားသမားအများစုကို ပုံမှန်ရွေးချယ်လေ့ရှိပြီး ကစားကွက်ကလည်း အထိုင်ကျနေတဲ့ ကစားကွက်မျိုး ပုံဖော်ထားနိုင်ပါတယ်။ စပိန်နည်းပြက စပိန်လူငယ်ကစားသမားတွေကို နည်းပြလုပ်ခဲ့ရာကနေ လက်ရွေးစင်အသင်းကြီးကို ကိုင်တွယ်ရမှာ ဖြစ်ပေမဲ့ စပိန်ကစားသမားတွေနဲ့ ကစားကွက်ထုံးစံအတိုင်း ဘောလုံးကိုင်ကစားပြီး တိုက်စစ်ဆင်ကစားတဲ့ ကစားပုံမျိုးနဲ့ အသားကျပြီးသား ဖြစ်ပေမဲ့ လက်ရွေးစင်ကစားသမား ခေါ်ယူမှုကို သိပ်သဘောမကျပါဘူး။ တိုက်စစ်မှာဆိုရင် သမ္ဘာနုတဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ရွေးချယ်ထားပြီး နောက်တန်းမှာကျတော့ သက်ကြီးကစားသမား ရွေးချယ်မှု များပြားလွန်းနေတာကြောင့် လက်ရွေးစင်ကစားသမား ရွေးချယ်မှု ဟန်ချက်မညီဘူးလို့ ယူဆထားပါတယ်။ စပိန်အသင်း ဖိုင်နယ်အဆင့်လောက်ထိ တက်သွားမယ်လို့ မထင်သလို အုပ်စုအဆင့်မှာတင် ခက်ခက်ခဲခဲရုန်းကန်ရတာမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဒီပွဲစဥ်မှာ စပိန်အသင်းက သရေအရှုံးပေးထားတာကြောင့် သရေကျရင် အနိုင်ရမဲ့ ခရိုအေးရှားအသင်းကိုပဲကြိုက်ပါတယ်။
◾အီတလီ Vs အယ်ဘေးနီးယား
မရဏအုပ်စုမှာ ကျရောက်နေတဲ့ အယ်ဘေးနီးယား အသင်းကတော့ အိမ်ဖြည့်သက်သက်သာ ဖြစ်လာနိုင်ပြီး စပိန်နဲ့ ခရိုအေးရှားတို့ကို သုံးမှတ်အလှူပေးရမှာ မြင်ယောင်နေသလို ယူရိုဖလား လက်ရှိချန်ပီယံ အီတလီအသင်းနဲ့ ပွဲစဥ်မှာလည်း အီတလီအသင်းကသာ အနိုင်ရသွားဖို့ ရှိပါတယ်။ အီတလီအသင်းဟာ ဝါရင့်နည်းပြ စပယ်လက်တီကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ခန့်အပ်ထားခဲ့ပြီး ယူရိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတာ တွေ့ရသလို အီတလီစီးရီးအေမှာ ကျင်လည်ခဲ့တဲ့ နည်းပြဖြစ်တဲ့အတွက် အီတလီဘောလုံးသမားတွေအကြောင်းကို ကောင်းကောင်းသိတဲ့ နည်းပြမျိုး ဖြစ်ပါတယ်။ အယ်ဘေးနီးယားအသင်းက ခြေစစ်ပွဲအဆင့်မှာ ပုံစံကောင်းပြခဲ့တယ်ဆိုပေမဲ့ အုပ်စုအဆင့်မှာ အသင်းကြီးတွေ ပါ၀င်နေတဲ့ အုပ်စုမှာ ကျရောက်နေတာကြောင့် အုပ်စုတက်ဖို့ အခြေအနေ မကောင်းပါဘူး။ အီတလီအသင်းအနေနဲ့ နောက်ပွဲတွေမှာ စပိန်နဲ့ ခရိုအေးရှားအသင်းတို့နဲ့ ကန်ရမှာ ဖြစ်လို့ ဒီပွဲကို မဖြစ်မနေ အနိုင်ကန်ထားဖို့လိုပါတယ်။ ဒီပွဲမှာ အီတလီအသင်းက ဘော်ဒီကြေး တစ်လုံးကို ပြားခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးပေးထားပါတယ်။ အီတလီအသင်း အနိုင်သေချာနေသလို နှစ်ဂိုးပြတ်အနိုင်ရမှ ကြေးအောင်မှာ ဖြစ်ပေမဲ့ အီတလီအသင်းကိုပဲ ရွေးချယ်ရမှာပါ။