၁၅. ၆. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှာနေထိုင်တဲ့ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးကို PDF တွေက တပ်မတော်အတွက် စစ်သားစုဆောင်းပေးတယ်စွပ်စွဲချက်နဲ့ သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်က ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာမှာနေထိုင်တဲ့ အငြိမ်းစား ဗိုလ်ကြီးအောင်ကိုကိုဟာ နေအိမ်မှာ ရှိနေချိန် PDF တွေက အိမ်ထဲအထိ ဝင်ရောက်လာပြီး ဦးခေါင်းကိုသေနတ်နဲ့တေ့ပစ်ကာ သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သတ်ဖြတ်တဲ့ PDF အဖွဲ့တွေက ဝန်ခံချက်ထုတ်ပြန်မထားပေမဲ့ NUG နဲ့ PDF တွေရဲ့ သတ်ဖြတ်မှုထောက်ခံတဲ့ မီဒီယာတွေ၊ PDF အသိုင်းအဝိုင်းတွေမှာတော့ သတ်ဖြတ်သူတွေက တော်လှန်ရေးရဲဘော်တွေဖြစ်ကြောင်း၊ အငြိမ်းစားဗိုလ်ကြီးအောင်ကိုကိုက တပ်အတွက် သတင်းစုဆောင်းပေးတဲ့အပြင် စစ်သားသစ်စုဆောင်းရေးကိုလည်း ဦးဆောင်ပြုလုပ်နေသူဖြစ်ကြောင်း ဒါကြောင့်မို့ PDF တွေ သတ်တာဖြစ်ကြောင်း ရေးသားနေကြတာကို တွေ့ရပါတယ်။