October 24, 2024

၁၅.၆.၂၀၂၄
Written By Thandar  

NAY (aesthetic) က ရိုက်ကူးထုတ်လုပ်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းပုံစံ “ချစ်လှစွာသော အာရကန်” ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်ဖို့ရှိတယ်လို့ သိရပါတယ်။

“သရုပ်ဆောင်ခြင်းအနုပညာကို ဝါသနာပါတဲ့ ဘယ်သူမဆို လျှောက်ထားနိုင်ပြီးတော့ ကိုယ့်ရဲ့စွမ်းရည်ကို ပြသဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လျှောက်ထားသူထဲက ၅ ယောက်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ရွေးချယ်ခံရသူတွေအားလုံးဟာ ၂ မိနစ် စက္ကန့် ၃၀ စာ ဇာတ်ညွှန်းအတိုင်း  သရုပ်ဆောင်ရပါမယ်။ ဒီ ၅ ယောက်လုံးက Music Video တစ်ပုဒ်ရိုက်ခွင့်ရမှာဖြစ်ပြီး သူတို့ကို ပရိုမုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ပြီးမှ ဒီဖိုင် ၂ မိနစ်ခွဲစာ ဗွီဒီယိုကလစ်ကို Public ချပြီး အကောင်းဆုံး ၃ ယောက်ကို မဲစနစ်နဲ့ ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီ ၃ ယောက်က ၂ မိနစ်စာအစမ်း သရုပ်ဆောင်ချက်နဲ့ ထပ်မံယှဥ်ပြိုင်ရမှာဖြစ်ပြီး အဓိကဇာတ်ဆောင်နေရာ ၁ ဦး ရွေးချယ်မှာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ထွက်ရသူ ၂ ယောက်ကိုတော့  MTV ၂ ပုဒ်အပြင် နှစ်သိမ့်ဆုကျပ် ၅ သိန်းစီ ချီးမြင့်ပေးမှာဖြစ်ပါတယ်။ အဓိကအရွေးချယ်ခံရသူ  ၁ ဦးက “ချစ်လှစွာသော အာရကန်” ဇာတ်လမ်း ဇာတ်ညွန်းကို ဖတ်ရှုခွင့်၊ ရိုက်ခွင့်ရမှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူအတွက် လိုအပ်တဲ့ဟာတွေကို ကျွန်တော်တို့ Team ဘက်က သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒီရိုက်ကူးရေး အောင်မြင်စွာပြီးဆုံးပါက အဓိက သရုပ်ဆောင်ကို ဆုငွေ သိန်း ၇၀ ချီးမြင့်မယ့်အပြင် ပြည်ပနိုင်ငံသို့ အလည်ပတ်နဲ့  MTV ထွက်ရိုက်ခွင့်ပေးမှာဖြစ်ပါတယ်”လို့ N A Y ( aesthetic ) ရဲ့ ဒါရိုက်တာ နေလင်းထွန်း@သံလွင်မောင် က MT Entertainment ကိုပြောပါတယ်။

အဆိုပါဇာတ်ကားကို ၂၀၂၅ ခုနှစ် လာမယ့် ဒီဇင်ဘာလ  ၂၁ ရက်နေ့မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး စတင်ပြီး တစ်နှစ်နီးပါး အချိန်ပေးရိုက်ကူးမှာ  ဖြစ်ပါတယ်။ ရိုက်ကူးပြီးစီးပါက နိုင်ငံတကာသမိုင်းရေးရာမှာ စာရင်းသွင်းပြီး TV Channel က ထုတ်လွင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ Casting အတွက် အမျိုးသမီး သီးသန့်ခေါ်တာဖြစ်ပြီးတော့ အရပ်  ၅ ပေ ၆ အထက်၊ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အထိဖြစ်ပြီး ပညာအရည်ချင်းအနေနဲ့ အင်္ဂလိပ်စာ အခြေခံအဆင့်ကျွမ်းကျင် (အနည်းဆုံး) ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူအနေနဲ့ အလှဓာတ်ပုံတစ်ပုံ၊ အမည်အရင်းနဲ့ အနုပညာနာမည်၊ အသက်၊ အရပ်အမြင့်၊ မြို့နယ်နဲ့ ဆက်သွယ်ရန်  Mail နဲ့ Phone တို့ကို [email protected] ကို CASTING FOR BELOVED ARAKAN DOCUDRAMA ခေါင်းစဥ်နဲ့ပို့ရမှာဖြစ်ပါတယ်။

“Docudrama က အင်္ဂလိပ်နဲ့ ယခင်ခေတ်ပြီးကာလက ရခိုင်သမိုင်းရေးရာနဲ့ စပ်လျဥ်းပြီး ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် သရုပ်ဆောင်မှာရော ကျွန်တော်တို့မှာပါ အင်မတန်တာဝန်ကြီးပါတယ်။ ဒါကြောင့် သမိုင်းဆရာကြီးတွေထံ အပူကပ်ဆည်း ပူးခဲ့ရပါတယ်။ ဘာသာစကားက အင်္ဂလိပ်စကားဖြစ်ပြီး ဒေသခံအသံ အနည်းငယ်လောက်သာ ရခိုင်စကားပါမှာဖြစ်ပါတယ်။ ကိုယ်ပိုင်သမိုင်းဖြစ်စေချင်လို့ ရခိုင်သူချောချောလေးကိုပဲ စံပြုရွေးရခြင်းဖြစ်ပါတယ်။  ရခိုင်နေရာအနှံ့ နေရာအစုံ ရိုက်ကူးရမှာဖြစ်ပါတယ်။ ဥတုသုံးမျိုးလုံးထွက်ရိုက်ရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ တော်တော်ကိုမှ ပင်ပန်းမှာပါ။ သရုပ်ဆောင်အနေနဲ့ စေတနာနဲ့ မျိုးချစ်စိတ် အပြည့်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုရိုက်ရတဲ့ အကြောင်းကလည်း ကိုယ့်သမိုင်းနဲ့ ပတ်သက်လို့ မတိမ်ကောအောင် မှတ်တမ်းတင်လိုတဲ့ ဆန္ဒကြောင့်ပါ။ လက်လှမ်းမမီတော့တာ မသိတော့တာ အများကြီး ပါဝင်နေပါတယ် ”လို့ သရုပ်ဆောင် Taylor Thway က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *