October 24, 2024

ဓာတ်ပုံ - ရွှေရုပ်လွှာပရဟိတအသင်း

၁၅.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ၊ သစ္စာလမ်းတွင် ရပ်ထားသည့်ယာဥ်ကြီးကို ယာဥ်အသေးက အရှိန်လွန်၍ အနောက်မှဝင်တိုက်မိသဖြင့် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက် နံနက် ၂ နာရီဝန်းကျင်က အထက်ပါယာဥ်တိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ကဝင်တိုက်မိသည့် ယာဥ်ပေါ်ပါသုံးဦးစလုံး ဒဏ်ရာပြင်းထန်သည်ဟု ကူညီပေးခဲ့သည့် ရွှေရုပ်လွှာပရဟိတအသင်းထံမှ သိရသည်။

“ရပ်ထားတဲ့ ယာဥ်ကြီးကို ယာဥ်သေးက အနောက်ကနေတိုက်မိတာ။ ယာဥ်ကြီးက ယာဥ်သေးတိုက်တဲ့အရှိန်ကြောင့် အရှေ့က လမ်းဘေးသစ်ပင်ကို တိုက်မိတာ။ အဲ့ဒီယာဥ်သေးထဲမှာ လိုက်လာတဲ့သူ ၃ ဦးဒဏ်ရာပြင်းတယ်။ ယာဥ်တွေလည်း ပျက်စီးသွားတယ်”ဟု ရွှေရုပ်လွှာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်တိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဒေသခံလူမှုကူညီရေးအသင်းတို့မှ တောင်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေရုပ်လွှာပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *