October 24, 2024

၁၅. ၆. ၂၀၂၄
Written by Nay Moe

အရင်တုန်းက ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့တဲ့ ဦးညွန့်စိုးကို မေလ ၃၁ ရက်နေ့က သတ်ဖြတ်ထားတဲ့ ပေါင်းတည် PDF အဖွဲ့က ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူတဲ့ ဦးပွားသီးကိုပါ ဇွန်လ ၁၃ ရက်က ထပ်မံသတ်ဖြတ်လိုက်ကြတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးဦးညွန့်စိုးကို မေလ ၃၁ ရက်မှာ နောက်ကနေချောင်းမြောင်းသတ်ဖြတ်ထားတဲ့ ပေါင်းတည် PDF အဖွဲ့ဟာ ဇွန်လ ၁၃ ရက် ညနေ ၆ နာရီခန့်အချိန်မှာ ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူသူ ရာအိမ်မှူးလည်းဖြစ်ခဲ့ဖူးတဲ့ လွှစင်ကုန်းရွာနေဦးပွားသီးကို သဖန်းကိုင်းရွာနဲ့ အင်းငါးခွသကြားစက်လမ်းဆုံမှာ ထပ်မံပစ်သတ်လိုက်တာပါ။

ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးနှစ်ဦးကို ၁၄ ရက်အတွင်း ပစ်သတ်ခဲ့တဲ့ ပေါင်းတည် PDF အဖွဲ့တွေက ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆ဝ၁ PPDFတပ်ရင်း တပ်ခွဲ(၁)ရွှေလေးညီနောင်အဖွဲ့နဲ့ ပေါက်ခေါင်း(ပကဖ) ဆောင်းခိုငှက်အဖွဲ့တို့ဖြစ်တယ်လို့လည်း ပေါင်းတည် PDF အဖွဲ့က ဝန်ခံထားပါတယ်။

ပဲခူးတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို အဓိကထားသတ်ဖြတ်နေကြပြီး လူရာဂဏန်းလောက်အထိ ပဲခူး PDF တွေက သတ်ဖြတ်နေပေမဲ့ ဖမ်းမိမှုနည်းပါးသလို နွေဦးတော်လှန်ရေး သုံးနှစ်ကျော်မှာလည်း PDF တွေက “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူ”စွပ်စွဲချက်နဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ စုစုပေါင်းက ၈၀၀၀ ကျော်အထိ သတ်ဖြတ်ခံထားရမှု ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *