October 24, 2024

၁၄. ၆. ၂၀၂၄
Written by Nyein Kyaw

ပြည်ပသို့ ထွက်ခွာမည့်သူများ အသေးသုံးနိုင်ငံခြားငွေ ငွေသားဝယ်ယူခြင်းအတွက် Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd တို့တွင်လည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့တွင် အသိပေးကြေညာထားသည်။

နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရ ကုမ္ပဏီများဖြစ်သော Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd တို့၏ Money Changer ကောင်တာများတွင်လည်း တစ်ဦးလျှင် အသေးသုံးနိုင်ငံခြားငွေ ငွေသား အမေရိကန် ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်ကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် ကြေညာပေးလျက်ရှိသော Online Trading Rate + ၁၀ ကျပ် ( ၃,၃၄၉ – ၃,၃၅၉ ) ဖြင့် ရောင်းချပေးလျက်ရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။

Eastern Lad Co., Ltd အနေဖြင့် ၎င်း၏ Money Changer များဖြစ်သည့် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ကမာရွတ်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးရှိ အမှတ် (၁၅၆)၊ မြေညီထပ်ရှိ ငွေလဲကောင်တာ၊ ပန်းဘဲမြို့နယ် အနော်ရထာလမ်းရှိ အခန်းအမှတ် (၁) မြေညီထပ်ရှိ ငွေလဲကောင်တာနှင့် မြောက်ဥက္ကလာမြို့နယ်၊ (ဈ) ရပ်ကွက် အမှတ် (၂၁၅) အခန်းအမှတ် (၁) မြေညီထပ်ရှိ ငွေလဲကောင်တာ စုစုပေါင်း ၃ ခုတွင် သွားရောက်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အတူ Golden Money Services Co., Ltd မှ ဖွင့်လှစ်ထားသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ပြည်ပဆိုက်ရောက်)တို့တွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *