October 24, 2024

ယူရို၂၀၂၄ အဖွင့်ပွဲကစားကြမဲ့ အိမ်ရှင်ဂျာမနီအသင်းနှင့် စကော့တလန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ပွဲကြိုသုံးသပ်ချက်

၁၄ . ၆ . ၂၀၂၄
Written by MMAK

လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးဟာ ဒီနေ့ညမှာ အိမ်ရှင်ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ အဖွင့်ပွဲ စတင်ကစားတော့မှာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲကို ၂၄ သင်း ပါ၀င်ယှဥ်ပြိုင်ခွင့်ရရှိထားပြီး
အုပ်စုခြောက်စုခွဲကာ တစ်အုပ်စုမှာ လေးသင်း ပါ၀င်နေတာကြောင့် တစ်သင်းကို သုံးပွဲကစားရမှာပါ။ အုပ်စုတစ်ခုချင်းစီရဲ့ ထိပ်ဆုံးနှစ်သင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်ကစားခွင့်ရမှာဖြစ်သလို အကောင်းဆုံး တတိယရတဲ့လေးသင်းကလည်း ၁၆ သင်းအဆင့်ကို တက်ရောက် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဥ်အဖြစ် သုံးပွဲသာ ကစားရမှာ ဖြစ်တဲ့အတွက် ပွဲစဥ်တိုင်းဟာ အရေးကြီးပါတယ်။

ပြည်တွင်းလိဂ်ပွဲစဥ်တွေ နားထားချိန်မှာ ယူရိုပွဲစဥ်တွေ ၀င်ရောက်လာတဲ့အတွက် ဘောလုံးချစ် ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေကြသလို ဘယ်အသင်း ဗိုလ်စွဲသွားမလဲ၊ ဘယ်ကစားသမားတွေ အကောင်းဆုံး ခြေစွမ်းပြသသွားနိုင်မလဲ ဆိုတာ အထူးစိတ်၀င်စားနေကြပြီး နောက်ရာသီမစခင် ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘယ်ကစားသမားက ဘယ်အသင်းကို ပြောင်းရွှေ့ရောက်ရှိသွားမလဲဆိုတာကိုပါ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ယူရို၂၀၂၄ အဖွင့်ဟာ အိမ်ရှင်ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ ဒီနေ့ည မနက် ၁ နာရီခွဲအချိန်မှာ အဖွင့်ပွဲ စတင်ကစားကြမှာဖြစ်ပါတယ်။ ဂျာမနီအသင်းက ဂျာမာန်ဘွန်ဒက်လီဂါမှာ ကျင်လည်ခဲ့တဲ့ လူငယ်နည်းပြ နစ်ဂျယ်စမန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားတာ တွေ့ရသလို ဂျာမာန်အခြေစိုက်ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားအများစုကို လက်ရွေးစင်အသင်းအတွက် ခေါ်ယူထားတာ တွေ့ရပါတယ်။ ဂျာမနီအသင်းဟာ အသင်းလိုက်ကစားပုံကို ဦးစားပေးတဲ့အသင်းဖြစ်ပြီး လူငယ်နည်းပြ နစ်ဂျယ်စမန်းက တိုက်စစ်အသားပေး နည်းပြမျိုး ဖြစ်ပါတယ်။  

စကော့တလန်အသင်းကတော့ ၀ါရင့်နည်းပြကြီး စတိဗ်ကလိတ်ရဲ့ ဦးဆောင်မှုနဲ့အတူ စကော့တလန်အခြေစိုက် ကလပ်အသင်းတွေက ကစားသမားတွေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ရောဘတ်ဆန်၊ တော်မီနေး၊ ချီအဒမ်၊ မက်ဂင်းနဲ့ ဘီလီဂေးမားတို့လို့ အရည်အသွေးမြင့်ကစားသမားတွေကို ပေါင်းစပ်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

ဒီပွဲစဥ်က အဖွင့်ပွဲဖြစ်သလို ယူရိုဖလားအိမ်ရှင်ကလည်း ဂျာမနီအသင်းဖြစ်တဲ့အတွက် ဂျာမနီအသင်းက ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စားအထိ ပေါက်ကြေးပြင်းပြင်းပေးထားတာ တွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အိမ်ရှင်အသင်းရဲ့ အဖွင့်ပွဲစဥ်ဖြစ်တာကြောင့် ကြေးပြင်းတယ်လို့ ယူဆလို့ရပေမဲ့ စကော့တလန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဥ်တိုင်း ဂျာမနီအသင်း နှစ်ဂိုးပြတ်အနိုင်ရတာမျိုး မရှိပါဘူး။ ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးအရဆို ဂိုးပေါင်းကြေးက သုံးလုံးသရေလောက်ထိ ပေးသင့်ပါတယ်။ ဒီကြေးအရဆို ဂျာမနီအသင်း စုံအောင်သွားဖို့ လွယ်မယ်မထင်ပါဘူး။

စကော့တလန်အသင်းက ခံစစ်အသားပေးပြီး တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန်ကစားလာနိုင်သလို သရေရရင် သူတို့အတွက် အဖိုးတန်တစ်မှတ်ရတာ ဖြစ်လို့ ခံစစ်အသားပေးလာနိုင်ပါတယ်။ ဂျာမနီအသင်းရဲ့ အသင်းလိုက်ကစားပုံကြောင့် တစ်သင်းလုံးတက်ပြီး ဖိအားပေးရတဲ့ အခြေအနေမှာ ခံစစ်လစ်ဟာမှုတွေ မြင်တွေ့ရနိုင်တာကြောင့်  စကော့တလန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကလည်း ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပွဲစဥ်မှာ ဂျာမနီအသင်း စုံအောင်သွားတာမျိုး မဖြစ်နိုင်တာကြောင့် ဘော်ဒီအောက်ရော ဂိုးပေါင်းအောက်ရော နှစ်မျိုးလုံးကို သဘောကျပါတယ်။

စကော့တလန်အသင်းကလည်း လျှော့တွက်လို့မရတဲ့အသင်း ဖြစ်သလို နှစ်ဂိုးပြတ်ရှုံးမှ ရှစ်ဆယ်သာရှုံးဦးမှာ ဖြစ်ပြီး ဂျာမနီအသင်း ကပ်နိုင်သွားလို့ရတဲ့ အခြေအနေလည်း ရှိနေတာကြောင့် ဘော်ဒီအောက်၊ စကော့တလန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *