October 24, 2024

၁၄. ၆. ၂၀၂၄
Written by Thettant

မြန်မာ့ချန်ပီယံသွေးသစ်ဝင်းလှိုင်ဟာ ထိုင်းမှာ ခွန်ဆုတ်ကို မရှုမလှအရေးနိမ့်ခဲ့ချိန်မှာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ Family ဝမ်ချိုင်းသိက္ခာအတွက် မိုးထက်အောင် အရေးမနိမ့်ဖို့ အရေးပါနေတဲ့ဒီညမှာ မိုးထက်အောင်က သိက္ခာဆယ်နိုင်ပွဲကို လှလှပပ ယူပေးနိုင်ခဲ့ပါတယ်။

မြန်မာလက်ဝှေ့ကျော် မိုးထက်အောင်ဟာ ဒီနေ့ည ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ONE Friday Night 67 ပြိုင်ပွဲမှာ ဂျပန်ဝါရင့် ကစ်ဘောက်ဆင်ဖိုက်တာ ယာမာဂီရှီနဲ့ ယှဉ်ပြိုင်ထိုးသတ်ရတာပါ။ ပထမအကြိမ် ဂျပန်ဖိုက်တာ မာရုယာမနဲ့ပွဲမှာ အလဲထိုးအနိုင်ရခဲ့တယ်ဆိုပေမဲ့ Epic Comeback လို့ ပြောရလောက်အောင် အထိုးအကြိတ်ခံခဲ့ရပြီးမှ အလဲထိုးနိုင်တာ၊ ယာမာဂီရှီဟာ ဂျပန်ဝါရင့်ကစ်ဘောက်ဆင်ဖိုက်တာဖြစ်ပြီး နောက်ဆုံးသုံးပွဲဆက်အနိုင်ရထားတာမို့ မာရုယာမထက်သာတယ်လို့ မှတ်တမ်းတွေကပြနေတာ၊ အလုံးအထည်ကွာနေတာကြောင့် မိုးထက်အောင်အဖို့ နောင်တော်သွေးသစ်ရှုံးပွဲဖိအား၊ Family ဝမ်ချိုင်းမျက်နှာမငယ်ရဖို့၊ မြန်မာ့လက်ဝှေ့ထပ်ပြီး သိက္ခာမကျဖို့ တာဝန်ကလည်းကြီးခဲ့သေးတာပါ။

ပွဲတကယ်စခဲ့ချိန်မှာတော့ လက်သီးအားကောင်းတဲ့ ဂျပန်ဖိုက်တာဟာ မာရုယာမကို အလဲထိုးထားတဲ့ မိုးထက်အောင်ကို ရှိန်နေခဲ့ပုံရပြီး အောက်ခြေထောက်ရှင်းတာလုပ်ပေမဲ့ သူပဲအထိနာခဲ့သလို ပထမအချီမှာ မိုးထက်အောင်သာတယ်လို့ပြောရလောက်တဲ့ ဘယ်ညာတွဲလုံးတွေထိုးနိုင်ခဲ့ပြီး ဂျပန်ဖိုက်တာက ဟုတ္တိပတ္တိမလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒုတိယအချီမှာကတော့ အပြန်အလှန်ထိကြပြီး မိုးထက်အောင်ထိုးချက်တွေက ယာမာဂီရှီလဲဖို့ လုံလောက်ပေမဲ့ One ဖိုက်တာတွေ ခေသူမဟုတ်တော့ တတိယအချီခရီးဆက်ခဲ့ရပါတယ်။ တတိယအချီကတော့ မိုးထက်အောင်ပွဲပါ။ ဒူးပျံတွေ၊ ဘယ်ညာတွဲလုံးတွေ၊ အမြင့် ခြေကန်ချက်နဲ့တံတောင်တွေ စုံအောင်သုံးပြသွားခဲ့ပြီး ယာမာဂီရှီကိုစိတ်တိုင်းကျ ထိုးသတ်နိုင်သွားခဲ့လို့ အလဲမထိုးနိုင်ခဲ့ပေမဲ့ အမှတ်နဲ့နိုင်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မိုးထက်အောင်က နောင်တော်သွေးသစ်ကြောင့် ကျခဲ့ရတဲ့ ရိုးရာလက်ဝှေ့သိက္ခာကို တင့်တင့်တယ်တယ်ဆယ်ပေးတယ်ပြောရလောက်အောင်ကို အရပ်အမောင်းခြေတံလက်တံသာတဲ့ဖိုက်တာကို အမြင့်ပျံပတ်ခြေတွေ ဒူးပျံတွေ တံတောင်တွေ ဘယ်ညာတွဲလုံးတွေနဲ့ကို အသာစီးကထိုးသတ်သွားနိုင်တာတွေ့ရတာကလည်း ဂုဏ်ယူတတ်မယ်ဆို ဂုဏ်ယူစရာ ပြောရမှာဖြစ်သလို အရပ်အမောင်းအားနည်းချက်ရှိတဲ့မိုးထက်အောင်က ဘက်တူရင်လူမရွေးဘူးဆိုတာထက်ကျော်ပြီး ဘက်မတူလည်း လူမရွေးဘူးဆိုတာ One မှာ နှစ်ပွဲဆက်တိုက်ပြနိုင်ခဲ့ပြီလို့ပဲ….။

Familyဝမ်ချိုင်း #မိုးထက်အောင် #လက်ဝှေ့ #မွေထိုင်း

သွေးသစ်ဝင်းလှိုင် #ထိုင်း #MTsport #MTEntertainment

Leave a Reply

Your email address will not be published. Required fields are marked *