October 24, 2024

၁၄.၆. ၂၀၂၄
Written by Shwe Phyo

ပြီးခဲ့သောရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် တံတားကျိုးကျမှုများဖြစ်ပွားခဲ့သည့် အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၏ နယ်စပ်ကုန်သွယ်ရေးများ ယာယီဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။

အဆိုပါပျက်စီးခဲ့သောတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး တာဟန်းမြို့နှင့် မီဇိုရမ်ပြည်နယ်ကြား ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ရာ တံတားပျက်စီးခြင်းများကြောင့် အပြန်အလှန်ကုန်စည်ပို့ဆောင်မှုများ ဆိုင်းငံ့ခဲ့ရ​ခြင်းဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသတွင်နေထိုင်သည့် ရွာသားများသည် မြန်မာနိုင်ငံဘက်ခြမ်းမှ ကုန်စည်များပြန်လည်တင်ပို့ရန် မျှော်လင့်နေပြီး စိန်ခေါ်မှုနှင့် ခရီးဝေးမှုများရှိနေသော်လည်း ဖာလမ်မြို့ကိုဖြတ်သန်းကာ အိန္ဒိယဘက်ခြမ်းသို့ ကုန်စည်ပြန်လည်ပို့ဆောင်ပေးရန် မျှော်လင့်နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံကြားနယ်စပ်ချင်း ၅၁၀ ကီလိုမီတာထိစပ်နေကာ ခြံစည်းရိုးခတ်ထားခြင်းမရှိရာ တရားမဝင်ကုန်စည်စီးဆင်းမှုများရှိနေကြောင်း သိရသည်။ တံတားပျက်စီးခြင်းများကြောင့် ခရီးသွားရန် အခက်ခဲဖြစ်ခဲ့သလို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လည်း အခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။

REF daijiworld

Leave a Reply

Your email address will not be published. Required fields are marked *