October 24, 2024

၁၄.၆.၂၀၂၄
Written By Thandar

ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုကို ရရှိလာတဲ့ သရုပ်ဆောင်ခြူးလေးကတော့ မကြာခင်ရုံတင်ပြသမယ့် ရှယ်အော်လံရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်ချစ်ရတဲ့ယောက်ျားကိုပဲယူနိုင်မယ် ဆုံးဖြတ်ထားတဲ့ အချစ်ကိုရှေ့တန်းတင်သူ နုနုဆွေနေရာက သရုပ်ဆောင်ထားပါတယ်လို့ ဆိုပါတယ်။

“ရှယ်အော်လံ ရုပ်ရှင်ကြီးမှာ ခြူးလေးနဲ့ မကြီးစိုး(ခ)စိုးမြတ်သူဇာနဲ့က သားအမိတွေပေါ့။ မကြီးစိုးရဲ့ သမီးအကြီးမပေါ့။ သူကတော့ တက္ကစီဆွဲတာပေါ့။ အမျိုးသမီးတက္ကစီမောင်းတဲ့သူပေါ့နော်။ ခြူးလေးကတော့ ရပ်ကွက်ထဲက သာမာန်ကောင်မ လေးတစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။ တကယ်တော့ ဒီဇာတ်ကားမှာ ခြူးလေးက မိဖုရားဖြစ်ချင်တာ မဟုတ်ဘူး။ ဘုရင်မဖြစ်ချင်တာ။ ကိုယ်ချစ်ရတဲ့ ယောက်ျားကိုပဲ ယူနိုင်ရမယ်ဆုံးဖြတ်ထားတဲ့ အချစ်ကိုရှေ့တန်းတင်သူ နုနုဆွေနေရာက သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ သူချစ်တဲ့သူကို အရမ်းလိုချင်တဲ့သူပေါ့။ အလွဲလေးတွေ အမှားလေးတွေ တချို့လည်း ပါပါတယ်” လို့ သရုပ်ဆောင်ခြူးလေးပြောပါတယ်။

သူမကတော့ ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အကယ်ဒမီနေဝင်း၊ နော်ဖောအယ်ထား၊ အကယ်ဒမီစိုးမြတ်သူဇာ၊ စုရှိုင်း၊ ခင်လှိုင်၊ မိုးဒီ၊ ငှက်ပျောကြော်၊ သွက်လက် စတဲ့သူတွေနဲ့ ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ခြူးလေးကတော့ လက်ရှိရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *