October 24, 2024

၁၄.၆.၂၀၂၄
Written By Thandar

ပရိသတ်နဲ့ ရင်ဘတ်ချင်းထိတဲ့ တေးသီချင်းများစွာ ဖန်တီးခဲ့တဲ့ တေးရေး တေးဆို အဆိုတော် ပိုပိုကတော့ သူမကို ငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့ အဖွားဖြစ်သူ ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်ကုသိုလ်အနေနဲ့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ တွံတေးဗုဒ္ဓဝစန သာမဏေကျော်ကျောင်းမှာ အလှူလေး ပြုလုပ်ခဲ့ပါတယ်။

“ ပိုပိုအနေနဲ့ အဲဒီအလှူမှာ ကိုယ့်ကို ငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ဖွားဖွား ကွယ်လွန်ခဲ့တာဆိုရင် ၁၃ နှစ်ပြည့်ခဲ့ပါပြီ။ ဖွားဖွားအတွက် ပိုပိုက ကိုယ့်လုပ်အားလေးနဲ့ တွံတေးဗုဒ္ဓဝစန သာမဏေကျော်ကျောင်းမှာရှိတဲ့ သံဃာတော်တွေအတွက် အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းကို ကိုယ်တိုင် ချက်ပြုတ် လှူဒါန်းပြီးတော့ လှူဖြစ်တာပါ။ ဆရာတော် သံဃာတော်တွေအတွက် ဆေးဝါးတွေရယ် သင်္ကန်းတချို့နဲ့လှူဒါန်းခဲ့ ပါတယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

သူမကတော့ အဆိုပါ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်တွေအတွက် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ဆေးဝါးနဲ့ သင်္ကန်းစတာတွေကို စုစုပေါင်း ကျပ် ၁၃ သိန်းခွဲဖိုး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုရင်လေးတွေရဲ့ ကျန်းမာရေးအတွက် ဒေါက်တာ အောင်ကျော်ဟိန်းနဲ့အတူ ကူညီစောင့်ရှောက်မှုပေးခဲ့သလို ပိုပိုရဲ့ မိတ်ဆွေတစ်ဦးကလည်း ဆေးဖိုး ကျပ် ၃၀၀၀၀ လှူခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *