October 24, 2024

၁၄.၆.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်ပင်းခုံကျေးရွာအနီးရှိ လမ်းဘေးခြုံဘေးတွင် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦး အာဟာရပြတ်၍ လမ်းဘေးလဲနေသဖြင့် ကူညီကယ်ဆယ်ပေးခဲ့သည်ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် အမျိုးသမီးတစ်ဦး လဲကျနေကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းသို့ ကျေးရွာရှိပြည်သူများမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ပြီး ထိုအမျိုးသမီးကို နေပြည်တော်ပြည်သူ့ဆေးရုံကုတင် (၃၀၀) သို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

“စိတ်မနှံ့တဲ့အမျိုးသမီး။ အာဟာရပြတ်နေတာ။ သူကမိသားစုလည်းမရှိတော့ အခုဆေးရုံမှာ ရဲတွေကစောင့်ပေးနေတယ်” ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ​ပြောသည်။

အဆိုပါ စိတ်မနှံ့သည့် အမျိုးသမီးမှာ အသက် (၄၀) ဝန်းကျင်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *