October 24, 2024

MT News
၁၄. ၆. ၂၀၂၄

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) တွင် ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန် အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။

ခြေစစ်ပွဲအုပ်စု (I) ကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ မှ ၂၇ ရက်အတွင်း ကျင်းပရန် စီစဉ်ထားသည်။

ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

ထို့အတူ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၂၅ အာရှယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) တွင် ဂျပန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန် အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။

ခြေစစ်ပွဲ အုပ်စု (I) ကို အိမ်ရှင်အဖြစ် ကာဂျစ်စတန်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ ၂၉ ရက် အတွင်း ကျင်းပရန် စီစဉ်ထားသည်။

ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *