October 23, 2024

MT News
၁၃. ၆. ၂၀၂၄

PDF စခန်း စုံစမ်းသူဟုဆိုကာ အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်သည်ဟု NUG လက်အောက်ခံ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် PDF အဖွဲ့ဖြစ်သည့် BTZM GBK PDF တပ်ရင်း ၃၇ဝ၁-တပ်ခွဲ(၂ )-ပဲခူးရိုးမအဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အရှေ့ဘက် တောတွင်းတစ်နေရာတွင် PDF စခန်းများ လိုက်လံစုံစမ်းနေသည်ဟု စွပ်စွဲခံရသော ဘော်ဘင်ပျူစောထီးတစ်ဦးဆိုသည့် အမျိုးသားကို ကြို့ပင်ကောက် PDF အဖွဲ့က ဇွန်လ ၁၁ ရက်ညနေ ၃ နာရီတွင် ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် မေလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *