October 23, 2024

၁၃.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်း ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့မှ ဟတ်ရိုင်ဒေသကို သွားရောက်သော ရထားဘူတာရုံတွင် ထိုင်းနိုင်ငံသို့တရားမဝင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားလေးဦးကိုဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသား လေးဦးသည် ဘန်ကောက်မြို့မှ ဟတ်ရိုင်ဒေသသို့ သွားရောက်မည့် အမြန်ရထားကို လိုက်ပါစီးနင်းချိန်အတွင်း ဟတ်ရိုင်ရထားဘူတာဂိတ်ကို ရောက်ရှိချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ဟတ်ရိုင်ရထားဘူတာဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များသည်
မြန်မာနိုင်ငံသားများကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက်ဘူတာရုံအတွင်းရှိ ခရီးသည်များနားနေရာအခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသောမြန်မာနိုင်ငံသားလေးဦးသည်အမျိုးသားများဖြစ်ပြီး အသက် ၁၉ နှစ် နှင့် ၂၉ နှစ်အရွယ်ကြားရှိသူများဖြစ်ကာ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ မပါရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားလေးဦးတွင် နိုင်ငံကူးလက်မှတ်မပါဝင်ကြောင်း၊ ၎င်းတို့ကို ကြားပွဲစားက ဘန်ကောက်မြို့သို့ ရထားဖြင့်ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ ဘန်ကောက်မြို့မှတစ်ဆင့် ဟတ်ရိုင်မြို့သို့ ထပ်မံလာရောက်ချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းပြောသည်။

ဟတ်ရိုင် ဘူတာရုံကို ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားလေးဦးကို တစ်စုံတစ်ဦးက လာရောက်ခေါ်ယူကာ မလေးရှားနိုင်ငံဘက်ခြမ်းသို့ ထပ်မံပို့ဆောင်ဖွယ်ရှိနေကြောင်း၊လက်ရှိအချိန်တွင်မြန်မာနိုင်ငံသားလေးဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

REF siamrath

Leave a Reply

Your email address will not be published. Required fields are marked *