October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nyein Kyaw

ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ အဓိကလုပ်ဆောင်နေသည့် Modus Operandi Co., Ltd (MO) ၏ MO Money နှင့် MO Agent များတွင် မြန်မာ့ခရီးသွားဘဏ်၏ MTB Pay ဖြင့် တိုက်ရိုက်ငွေလွှဲနိုင်ရေး မြန်မာ့ခရီးသွားဘဏ် MTB နှင့် Modus Operandi Co., Ltd (MO) တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာ့ခရီးသွားဘဏ် (MTB)နှင့် Modus Operandi Co., Ltd (MO) တို့ပူးပေါင်း၍ Digital Banking ဝန်ဆောင်မှုများဖြစ်သော ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲဝန်ဆောင်မှုများ၊ Travel now, pay later ဝန်ဆောင်မှုများ၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ MO Money နှင့် MO Agent များမှတစ်ဆင့် မြန်မာ့ခရီးသွားဘဏ်၏ MTB Pay ဖြင့် တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

MoU လက်မှတ်ရေးထိုးခြင်းကို “မြန်မာ့ခရီးသွားဘဏ်”၏ CEO ဦးဝင်းလွင် နှင့် “Modus Operandi Co., Ltd (MO)”၏ CEO ဒေါ်သဲနိုးစံတို့က ဇွန်လ ၁၂ ရက် (ယမန်နေ့) တွင် ရန်ကုန်မြို့ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်)၌ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“MO” ဟု အတိုကောက်ခေါ်သည့် Modus Operandi Co., Ltd ၏ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွင် စာရွက်စာတမ်းမလိုအပ်ဘဲ လစာပေးနိုင်/ထုတ်နိုင်ခြင်း၊ လစာကြိုထုတ်ခွင့် (EWA- Earned Wages Access) ဆောင်ရွက်နိုင်ခြင်း၊ ချေးငွေထုတ်ခြင်း၊ လစာထုတ်ပေးခြင်း ကျသင့်ငွေ ကောက်ခံခြင်းတို့ အပါအဝင် Mo Money တွင် ဝန်ဆောင်မှု ၆၅ ခုကျော် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် စိတ်ချရသည့်နည်းပညာ ပလက်ဖောင်းတစ်ခုဖြစ်သည့် AWS Cloud ပေါ်တွင် “MO” ၏ ဒီဂျစ်တယ်ငွေကြေး ပလက်ဖောင်းကို ဆောင်ရွက်ထားခြင်းဖြစ်သည်။

“MO” ဟု အတိုကောက်ခေါ်သည့် Modus Operandi Co., Ltd ၏ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး Shwe Bank နှင့်အတူ ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင်ဖြင့် လုပ်ကိုင်ဆောင်နေသည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ၂၀၂၂ ခုနှစ်အထိ အချက်အလက်များအရ ပြည်တွင်းဘဏ်ကြီး ၅ ခုနှင့် ချိတ်ဆက်၍လည်း ငွေပေးချေရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *