October 23, 2024

၁၃.၆.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်အတွင်း ဒိုင်စုကူးတို့ဆိပ်အနီး ရွှေဇင်ယော်ဟိန်းဘွိုင်တွင် မေလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကြိုးချည်ရပ်နားထားသော ထူးထက်အောင် ကမ်းဝေးငါးဖမ်းစက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး မီးဟပ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ငါးဖဖ်းစက်လှေတွင် ဆီပိုက်အဟောင်းဖြစ်သော သံပိုက်နှင့် PVC ပိုက်ပျော့ကိုဆက်ရန် မီးဖြင့် အပူပေးရာမှ ဂက်စ်ဘူးပေါက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရသိရသည်။

မီးလောင်မှုမှာ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး စက်လှေတစ်စီးလုံး၊ ဆီဂါလံ ၁၅၀ တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” ငါးဖမ်းစက်လှေက ရေထဲမှာလောင်တာဆိုတော့ စက်လှေတွေနဲ့သွားပြီး ငြှိမ်းသတ်ခဲ့ရတယ်”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊စက်ကလေး ၉ လုံးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် ငါးဖမ်းစက်လှေတွင် လိုက်ပါလာသော အသက် ၅၁ နှစ်အရွယ် ဦးစိုးကြည်တွင် ဘယ်နှင့်ညာလက်နှစ်ဖက်၊ ဘယ်ဘက်ပါးနှင့် ညာဘက်ခြေသလုံးတို့ မီးဟပ်ဒဏ်ရာများ ရရှိခဲ့သည်။

ငါးဖမ်းစက်လှေ မီးလောင်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဦးစိုးကြည်ကို ဗိုလ်တ​ထောင်မြို့မရဲစခန်းက ပုဒ်မ၂၈၅၊ ၃၃၇ တို့ဖြင့် အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *