October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nay Moe

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ကြာအင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းခြံ၀င်းတံခါးမှာ ကျောင်းဆက်မဖွင့်ဖို့ ခြိမ်းခြောက်စာ ၁ စောင်နဲ့အတူ ၅ ဒသမ ၅၆ ကျည် ၃ တောင့် ချိတ်ဆွဲမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်မှာ ပျံနှံလာတဲ့စာအရ သိရပါတယ်။

ဖြစ်စဥ်က ဇွန်လ ၁၃ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်မှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းခြံ၀င်းတံခါးဝမှာ KNU နဲ့ PDF တွေက ကျည်သုံးတောင်နဲ့အတူပို့လာတဲ့စာမှာ အကြမ်းဖက်များ “လက်ရှိနိုင်ငံရေးအခြေအနေအရ ကြာအင်းကြီးကျေးရွာအတွင်းရှိ (အ.ထ.က ကျောင်း) တွင်တာဝန်ယူပညာသင်ကြားပေးနေသော ကျောင်းအုပ်၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ နိုင်ငံတော်စစ်အစိုးရမှ သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ(ဖြူစိမ်း) မဝတ်ဆင်ရန်နှင့် ကျေးရွာအဆင့်တွင် သတ်မှတ်ထားသော ကျေးရွာကိုယ်ထူကိုယ်ထကျောင်းမှ လွဲပြီး မဖွင့်ရ။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက နောင်ဖြစ်လာမည့် ကိစ္စအဝဝအား တာဝန်မယူပါ” ဟု ခြိမ်းခြောက်လာတာဖြစ်ပါတယ်။

၂ဝ၂၄ ဇွန်လ ၃ ရက်နေ့ကစ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ရေး ဆောင်ရွက်နေချိန်မှာ CRPH ၊ NUG ၊ PDF ၊ EAOs စတဲ့ နိုင်ငံရေးအစွန်းရောက်သူတွေက ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ဆီ ကျောင်းတက်ဖို့ သွားရောက်ကြတဲ့ ကျောင်းသား/ ကျောင်းသူ လူငယ်တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို တားဆီးစစ်ဆေးတာ ရပ်မပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ လောင်းလုံမြို့နယ်၊ ပဉ္စသီမော်ကျေးရွာအနီးမှာ လောင်းလုံ PDF အဖွဲ့က လက်နက်ငယ်တွေနဲ့ တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ကျောင်းသားလူငယ်(၁)ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ ခန့်အချိန်မှာ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းကို PDF တွေ ပစ်ခတ်တဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသားငယ် (၁)ဦး သေဆုံးခဲ့ပြီး ကျောင်းသား/ ကျောင်းသူတွေနဲ့ အပြစ်မဲ့ပြည်သူ စုစုပေါင်း(၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင်လည်း ဇွန်လ ၅ ရက် နေ့လယ်အချိန်က ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (ချောင်းကူး) က ဆရာ၊ ဆရာမ ၁၇ ဦးကို ကျွန်းတိုင်းကျေးရွာ PDF က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ဖြစ်စဥ်တွေဖြစ်ခဲ့ပြီး အခုအကြိမ်ကတော့ ခြိမ်း​ခြောက်စာပို့လာခဲ့တာဖြစ်ပြီး နိုင်ငံ့မျိုးချစ်အဖွဲ့လို့ ခြိမ်းခြောက်စာမှာ ဖော်ပြထားပေမဲ့လည်း ကြာအင်းဆိပ်ကြီးဟာ KNU တပ်မဟာ ၆ နယ်မြေဖြစ်ပြီး KNU နဲ့ PDF တွေ အားကောင်းတဲ့နေရာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *