October 23, 2024

၁၃.၆. ၂၀၂၄
Written by Shwe Phyo

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု (Suicide) အရေအတွက်သည် အာဆီယံဒေသတွင်းနိုင်ငံများအနက် အနည်းဆုံးသုံးနိုင်ငံထဲတွင် ပါဝင်နေကြောင်း CEOWORLD Magazine က ထုတ်ဖော်လိုက်သည်။

အဆိုပါမဂ္ဂဇင်းသည် ကမ္ဘာတဝှမ်းရှိနိုင်ငံများကို လေ့လာစောင့်ကြည့်ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုအများဆုံးနိုင်ငံများစာရင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၆၃ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံထဲတွင် အဆင့် ၈ နေရာ ရပ်တည်နေပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအမြင့်ဆုံးနိုင်ငံများစာရင်းတွင် အောက်ဆုံးမှာရှိနေကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု အများဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။ CEOWORLD Magazine ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံတွင်၂၀၂၄ ခုနှစ်အတွင်း လူပေါင်း ၁ သိန်းတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူအရေအတွက် ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် လူပေါင်း ၁ သိန်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူအရေအတွက် ၁၁ ဒသမ ၂ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၇ ဒသမ ၅ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

REF CEOWORLD Magazine

Leave a Reply

Your email address will not be published. Required fields are marked *