October 23, 2024

၁၃.၆.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ကုလားကုန်း၊ မီးပွိုင့်အနီးရှိ ရွှေဧရာမိုဘိုင်းဖုန်းနှင့်အီလက်ထရောနစ်အရောင်းဆိုင်တွင် ညဆိုင်းစောင့်သည့် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆိုင်အတွင်းဝင်ရောက်ခိုးသူ လူတစ်စုက ကွန်ကရစ်တုံးအကျိုးဖြင့် ဦးခေါင်းအားရိုက်နှက်ရာမှ ဆိုင်စောင့်သည့်ညစောင့် သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၁၃ ရက် နံနက် ၁ နာရီအချိန်တွင် “ရွှေဧရာမိုဘိုင်းဖုန်းနှင့်အီလက်ထရောနစ်အရောင်းဆိုင်”သို့ လူတစ်စုရောက်ရှိလာပြီး ထိုဆိုင်အရှေ့တွင် ညဆိုင်းစောင့်သည့် အသက် (၆၅) နှစ်အရွယ်အမျိုးသားကြီးကို ကွန်ကရစ်တုံးအကျိုးဖြင့် ဦးခေါင်းကို ရိုက်နှက်ရာမှ ညစောင့်သူအမျိုးသားသေဆုံးသောကြောင့် ထိုရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ပြီး မင်းဘူးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အဲ့ဒီဆိုင်အရှေ့မှာ သုံးဘီးတစ်စီးရှိတယ်။ အဲ့ဒါကို အရင်ရက်တွေက လာခိုးဖူးတယ်။ အဲ့ဒီသုံးဘီးကတော့ ပါမသွားဘူး။ ခုလည်း ဆိုင်ကိုနောက်ထပ် လာခိုးတယ်။ ပစ္စည်းတွေပါမပါတော့မသိဘူး။ ဆိုင်မှာညဆိုင်းစောင့်တဲ့ ဦးလေးတစ်ယောက်ကို ဆိုင်ရှေ့က ကွန်ကရစ်အကျိုးနဲ့ ဦးခေါင်းကို ရိုက်သွားတာ။ ဆုံးသွားပြီ” ဟု မင်းဘူးမြို့တွင် နေထိုင်သူတစ်ဦးမှ MT News သို့ ပြောသည်။

သေဆုံးသည့် ညစောင့် အမျိုးသားမှာ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဝေဠုဝဏ် (၃) လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းတွင် လေဖြတ်ထားသည့် ဇနီးရှိကြောင်းလည်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *