October 23, 2024

၁၃. ၆. ၂၀၂၄
Translated by Nay Moe

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တာ့ခ်-မဲဆောက် အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ဟွိုင်ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုရဲ့ ကားတစ်စီးပေါ်ကနေ ဘတ် ၁ သန်းခန့်တန်ဖိုးရှိတဲ့ စစ်အသုံးဆောင်ပစ္စည်း ၉ မျိုးကို ရာ့ချ်မနူအထူးတပ်ဖွဲ့က ဇွန်လ ၁၁ ရက် ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။

ထိုင်းအထူးတပ်ဖွဲ့ အသိမ်းဆည်းလိုက်ရတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘတ်ငွေ ၁ သန်းနီးပါးဖိုးရှိပြီး ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်၊ ဆက်သွယ်ရေးစက်တစ်လုံး၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ်၊ ခြေအိတ်၊ ကျည်ကာသံပြားလိုမျိုး သတ္ထုပြား၊ လှံစွပ်စတဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပြီး ဒီပစ္စည်းတွေကို ထိုင်းဘက်ကပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းထားတယ်လို့လည်း ထိုင်းသတင်းဌာနတချို့မှာ ဖော်ပြထားပေမဲ့ PDF တွေဘက်က ဒီပစ္စည်းတွေက ကယားဒေသကို ပို့မဲ့ စစ်အသုံးအဆောင်တွေလို့ပြောပါတယ်။

“မယ်ဟောင်ဆောင်ခရိုင်ထဲက “မယ်စလင်းယန်း” ကိုပို့မယ့်…အေကေနဲ့ အမ်-၁၆ ကျည်တွေကိုပါ အကာအကွယ်ပေးနိုင်တဲ့၊ တစ်စုံကို ဘတ်တစ်သောင်းကျော်တန်တဲ့ ကျည်ကာအကျီ အစုံ ၅၀ အပါအဝင်၊ စစ်ဖိနပ်တွေ၊ ဦးထုပ်တွေ၊ စကားပြောစက်တွေကို “ရာ့ခ်ျမနူ” လို့‌ခေါ်တဲ့ အထူးတပ်ဖွဲ့ က မဲဆောက်မြို့၊ တာ့ခ်-မဲဆောက် အဝေးပြေးလမ်းမကြီးပေါ်ရှိ ဟွိုင်ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးတာခံလိုက်ရပါတယ်။ အဲဒီ အသိမ်းခံလိုက်ရတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘတ်ငွေ ၁ သန်းနီးပါးဖိုးရှိပြီး ကရင်နီဒေသထဲကို ပို့ဖို့လို့ သိရပါတယ်။ တော်လှန်ရေးအတွက် ဆုံးရှုံးမှုတွေထဲက တစ်ခုဖြစ်ပါတယ်”လို့ စတီဗင်စန်းယုက ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *