October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nay Moe

ကြိုးတုပ်ပြီး အရှင်ဖမ်းမိထားတဲ့စစ်သားက သေနတ်လုထွက်ပြေးပါတယ်လို့ အကြောင်းပြပြီး နတ္တလင်း PDF အဖွဲ့က သတ်ဖြတ်လိုက်ပါတယ်။

ဖြစ်စဥ်က နတ္တလင်းမြို့နယ်၊ အရှေ့ခြမ်းရွာတွေမှာ တပ်ထွက်အဖြစ်ဟန်ဆောင်ကာ သတင်း ထောက်လှမ်းနေတဲ့ ခမရ (၄၃၁) ၊ ကိုယ်ပိုင်အမှတ် တ/၅၂၆၂၄၄၊ တပ်သားမောင်နိုင်ကို နတ္တလင်း PDF အဖွဲ့​ဖြစ်တဲ့ တပ်ရင်း(၃၈၀၁)၊တပ်ခွဲ(၃)၊ နတ်စစ်သည်တပ်ဖွဲ့က မနေ့က ဇွန်လ ၁၂ ရက်မှာ သွားရောက်ဖမ်းဆီးပြီး ကြိုးတုပ် စစ်မေးပြီး သတ်ဖြတ်လိုက်တာဖြစ်ပေမဲ့ထုတ်ပြန်ချက်ကတော့ တပ်သားမောင်နိုင်ဟာ လက်နက်လု ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

တပ်သားမောင်နိုင်ရဲ့ သတင်းပေးထောက်လှမ်းမှုကြောင့် ဖမ်းဆီးခံရသူများစွာရှိလို့ ဒီလို ထောက်လှမ်းရေးတွေ သတင်းပေးတွေကို ပြတ်သားစွာ အရေးယူရှင်းလင်းသွားမယ်လို့လည်း တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၃)၊ နတ်စစ်သည်တပ်ဖွဲ့ က ထုတ်ပြန်ထားပြီး တပ်သားမောင်နိုင်ဟာ တပ်ကအမှန်တကယ်ထွက်ထားသူ ဟုတ်မဟုတ် MT News က အတည်မပြုနိုင်ဘဲ ကြိုးတုပ်ထားတဲ့လူတစ်ဦးက လက်နက်လုထွက်ပြေးတယ်ဆိုပြီး သတ်ဖြတ်လိုက်တဲ့ နတ်စစ်သည်အဖွဲ့ရဲ့ စစ်သုံပန်းတွေအပေါ်ဆက်ဆံရမဲ့ NUG တားမြစ်ချက်တွေနဲ့ နိုင်ငံတကာကျင့်ဝတ်မလိုက်နာဘဲ စစ်ရာဇဝတ်မှုကျုးလွန်တာကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *