October 23, 2024

၁၃.၆.၂၀၂၄
Written by Hey Mar

မနေ့က ဇွန်လ ၁၂ ရက်နေ့ သန်းခေါင်အချိန် ဘီယာဆိုင်ကပြန်လာတဲ့ လူငယ် ကားလမ်းဖြတ်ကူးစဉ်မှာ ယာဉ်တိုက်ပြေးခံရတဲ့ဖြစ်စဉ် ရန်ကုန်မြို့ ပန်းဆိုးတန်းကုန်းတံတားအဆင်းမှာ ဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်အစောပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်မှာ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

ယာဉ်တိုက်ခံရသူ လူငယ်က အသက် ၃၅ နှစ်အရွယ် ဒေါပုံမြို့နယ်မှာနေထိုင်သူဖြစ်ပြီး ဘီယာဆိုင်ကအထွက် တစ်ဖက်ကားလမ်းမှာရပ်ထားတဲ့ သူ့ကားဆီသွားဖို့ လမ်းအကူးမှာ ပန်းဆိုးတန်းတံတားပေါ်က ဆင်းလာတဲ့ အဖြူရောင် ပရိုဘောက်ယာဉ်က တိုက်ပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ ကျွန်မတို့ရောက်တော့ လမ်းပေါ်မှာ ကောင်လေးက ပက်လက်လန်နေတဲ့ အနေအထား။ သူ့ရဲ့ ဦးလေးဆိုသူလည်း အတူပါတယ်ပေါ့။ ကျွန်မတို့လည်း လိုအပ်တဲ့ ရှေးဦးပြုစုကုသမှုတွေလုပ်ပေးပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို အမြန်ပို့ဆောင်ပေမယ့် ရထားတဲ့ဒဏ်ရာက ခေါင်း ဘယ်ညာ နှစ်ခြမ်းစလုံးထိထားတာမို့ ဦးနှောက်နဲ့ အာရုံကြောမှာပဲ ဒီနေ့ မနက်က ဆုံးသွားတယ်“ လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *