October 23, 2024

၁၃.၆.၂၀၂၄
Translated by Htwe Ko Tun

ကူဝိတ်နိုင်ငံတွင် ဇွန်လ ၁၂ ရက် နံနက်အစောပိုင်းက ခုနစ်ထပ်တိုက် အဆောက်အအုံတစ်ခုတွင် လောင်ကျွမ်းခဲ့သောမီးက ကူဝိတ်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသောမီးလောင်ကျွမ်းမှုလည်းဖြစ်ခဲ့ကာ အိန္ဒိယနိုင်ငံသားအများစုပါဝင်သော ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့ရကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။

မီးက ကူဝိတ်နိုင်ငံ Mangaf ဒေသတွင် နံနက် ၄ နာရီခန့်၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံတွင် လူ ၁၉၆ ဦး နေထိုင်နေကြကြောင်းသိရပြီး အားလုံးလိုလိုပင် အိပ်ပျော်လျက်ရှိကြရာ ပြင်းထန်သော မီးလောင်ကျွမ်းမှုနှင့်အတူ ထွက်လာသောမီးခိုးများက အသက်ရှုမရ ဖြစ်စေကာ အများအပြားသေဆုံးခဲ့ရခြင်းဟုလည်း သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် တစ် ရပ်၌လည်း ကူဝိတ်နိုင်ငံအတွင်းရောက်ရှိနေသော အိန္ဒိယနိုင်ငံသားအများစု မီးလောင်သေဆုံးသည့်အထဲတွင် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုက ကူဝိတ်နိုင်ငံတွင် ၂၀၀၉ ခုနှစ် ဩဂုတ်လက လောင်ကျွမ်းခဲ့သော လူ ၅၆ ယောက်သေဆုံးခဲ့ရသည့် မီးလောင်ကျွမ်းမှုအပြီးတွင် နိုင်ငံ၏ ဒုတိယအဆိုးဝါးဆုံး မီးလောင်ကျွမ်းမှုလည်း ဖြစ်ခဲ့ရသည်။

မီးလောင်ကျွမ်းပြီး သေဆုံးရသူများတွင် အိန္ဒိယရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့မှ အလုပ်သမားများ ပါဝင်ခဲ့ကြကြောင်းလည်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၅၀ ကျော်ရှိခဲ့ရာ ၎င်းတို့ကိုလည်း ဆေးရုံသို့ တင်ပို့ကုသခံထားရကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

Ref -Kuwait Times

Leave a Reply

Your email address will not be published. Required fields are marked *