October 23, 2024

၁၂.၆.၂၀၂၄
Written By Zun

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ဇွဲထက်ရွှေဆိုင် အမှတ်(၁၆) ရှေ့တွင် လက် လုပ်မိုင်းပေါက်ကွဲ၍ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း MT News က ကနဦး သိရသည်။

ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်က ဆိုင်ကယ်စီးလာသော PDF ၂ ဦးက ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ဇွဲထက်ရွှေဆိုင်ရှေ့သို့ ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်ကို မောင်းလာပြီးတော့ ရှေ့တစ်ယောက် နောက်တစ်ယောက် စီးလာတာမှာ နောက်က ထိုင်တဲ့သူက လှမ်းပြီး ပစ်ထည့်လိုက်တာလို့ သိရတယ်။ ဗုံးက ဆိုင်ကယ်စတန်းရှေ့ ကို ကျပြီးပေါက်သွားတာတဲ့။ အခုတော့ တပ်နဲ့ ရဲကတော့ ရွှေဆိုင်ကို ဝင်ပြီးစစ်ဆေးနေတယ်။ လတ်တလောတော့ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာလည်း တပ်က လုံခြုံရေးချထားတယ် ”ဟု မန္တလေးမြို့ခံတစ်ဦးက MT News ကို ပြောသည်။

လတ်တလောတွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအား မန္တလေး ဆေးရုံသို့ ပို့ဆောင် ထားကြောင်း၊ ဒဏ်ရာ အခြေအနေကို အသေးစိတ်မသိရသေးကြောင်း ယင်းဒေသခံက ပြောသည်။

မန္တလေးမြို့ရှိ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ဇွဲထက်ရွှေဆိုင်အမှတ် ၁၁ နှင့် ၊ ၆၂ လမ်းပေါ် ၁၉ လမ်းနှင့် ၁၁၀ လမ်းကြားရှိ ဇွဲထက်ရွှေဆိုင် ၁၃ တို့တွင်လည်း ယခင်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျောက်ရေတွင်းတံတားအောက်မှ ယာဥ်ထိန်းရုံးကိုဗုံးခွဲခဲ့သလို Dark Shadow အဖွဲ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၁၄ ရပ်ကွက်ကို ဗုံးခွဲခဲ့သည့်အပြင် မန္တလေးမှ Pioneer KTV ကိုလည်း ဗုံးဖြင့်အပစ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဥ်သုံးခုတွင် Dark Shadow တိုက်ခိုက်မှု Fail ဖြစ်ခဲ့သော်လည်း ကျန်တိုက်ခိုက်မှုနှစ်ခုမှာ သုံးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *