October 23, 2024

၁၂.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ လမ်း + ၆၈ လမ်းကြား၊ ၁၄၃ လမ်း + ၁၄၄လမ်းကြားရှိ ခြုံပုတ်ထဲတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့တွင် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိကြောင်း တာဝန်ရှိသူများမှ လောကပါလ လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ထိုဖြစ်စဥ်နေရာသို့ သွားရောက်သယ်ဆောင်ပြီး ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ခန္ဓာကိုယ်မှာ ဒဏ်ရာတော့မတွေ့ဘူး။ ဖုန်းဆက်လို့သွားသယ်တာ” ဟု လောကပါလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သေဆုံးသည့် အမျိုးသားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်နေကြောင်း၊ ၎င်းမှာမည်သည့်အတွက်ကြောင့် သေဆုံးသည်ကို သိရရှိရခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – လောကပါလ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *