October 23, 2024

၁၂.၆. ၂၀၂၄
Written by Shwe Phyo

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်တွေရေနက်ဆိပ်ကမ်းနှင့်ပတ်သက်သော လုပ်ငန်းများလုပ်ကိုင်ရန် အဆင့်သင့်ရှိနေကြောင်း အိန္ဒိယ ရေကြောင်းနှင့်သင်္ဘောသွားလာရေးဝန်ကြီး Mansukh Mandaviya က ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်တွေရေနက်ဆိပ်ကမ်းသည် အိန္ဒိယအစိုးရက ရခိုင် ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်း အကုန်ခံကာ လာရောက်လုပ်ကိုင်ခဲ့သော ကုလားတန်ဘက်စုံ စီမံကိန်းအစိတ်အပိုင်းတွင်ပါဝင်နေသောစီမံကိန်းတစ်ခုဖြစ်သည်။

အိန္ဒိယ ရေကြောင်းနှင့်သင်္ဘောသွားလာရေးဝန်ကြီးက စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်မှုက ပြီးဆုံးသွားကြောင်း၊ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်သောလုပ်ငန်းများ လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများလိုအပ်နေကြောင်း ပြောသည်။

လာမည့်ရက်ပိုင်းအတွင်း အဆိုပါရေနက်ဆိပ်ကမ်းကို စီမံခန့်ခွဲမည့် ပုဂ္ဂလိက ကုမ္ပဏီကိုရွေးချယ်မည်ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ရေနက်ဆိပ်ကမ်း ဆိုင်ရာလုပ်ငန်းများကိုရက်ပိုင်းအတွင်း လုပ်ကိုင်နိုင်ဖွယ်ရှိနေကြောင်း ၎င်းကပြောသည်။ စစ်တွေရေနက်ဆိပ်ကမ်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

အိန္ဒိယအစိုးရက လုပ်ဆောင်သည့် ကုလားတန်ဘက်စုံစီမံကိန်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်ကို များစွာလျှော့ချပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

REF livemint

Leave a Reply

Your email address will not be published. Required fields are marked *