October 23, 2024

၁၂. ၅. ၂၀၂၄
Written by Nay Moe

နာရေး ရက်လည်ကို KNU နှင့် PDF ဝင်ပစ်ခတ်၍ လူ ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရမှု မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်ကွဲကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်ကွဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမင်းမင်းစိုး(၄၁)နှစ်သည် ၎င်း၏ နေအိမ်၌ ဖခင်ဖြစ်သူ၏ ရက်လည်ဆွမ်းကျွေးပြုလုပ်နေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အားငါးဦး(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ငါးဦးအနက် အကြမ်းဖက်သမားနှစ်ဦးမှာ ယာဉ်ပေါ်မှ ဆင်းလာကာ နေအိမ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်အတွင်းရှိနေသူများဖြစ်သည့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးဇော်မျိုး(ခ)ဇော်မျိုးဝင်း (၅၃)နှစ်၊ ဇုတ်သုတ်ကျေးရွာနေ ဦးရန်နိုင်လင်း(ခ)သံကွင်း(၃၇)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမင်းမင်းစိုး၏သားဖြစ်သူ မောင်ရဲထွဋ်နောင်(၁၃)နှစ်နှင့် ဇုတ်သုတ် ကျေးရွာနေ ဒေါ်ဇင်မာ(၃၀)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံးဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ည ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်နိုင်ဝင်း(၃၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် မေလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ စွပ်စွဲ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *