October 19, 2024

၁၁.၆.၂၀၂၄
Written By Thandar

ပျားရည်အိုင်ဇာတ်လမ်းတွဲကတစ်ဆင့် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုရဲ့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းပေါ် အမှတ် (၆၉) ရှိ Ko Ko Nail & Beauty Bar ဆိုင်ကို ဇွန်လ ၁၀ ရက် ညပိုင်းက သူခိုးဝင်ကပ်ပြီး ဖုန်း နှစ်လုံး ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

“မေမီတို့ ရေကျော်လမ်းပေါ်မှာရှိတဲ့ Ko Ko Nail & Beauty Bar ဆိုင်ကို မနေ့ကညပိုင်းက သူခိုးဝင်တဲ့ CCTV မှတ်တမ်းပါ ။ သူတို့ပုံက လုပ်စားနေကြပုံပါ အေးဆေးပါပဲ။ မျက်နှာပုံတွေကအစ ကွက်ကွက်ကွင်းကွင်းပါပဲ။ KoKo ဆိုင်ကို ဝင်တဲ့သူခိုးက အရင် KoKo တို့ ဆိုင်ပြင်တုန်းက ဖောက်တဲ့သူတွေပဲ ဖြစ်ဖို့များပါတယ်။ ဖြစ်စဉ်က သူခိုးဝင်တဲ့အချိန် ဆိုင်က ဝန်ထမ်းညီမလေးတွေက အသံတွေနားထဲမှာ ကြားနေရပေမဲ့ လူက ဘယ်လိုမှ ထလို့မရဘူးဖြစ်နေတယ်လို့ ပြောပါတယ်။ ခိုးသွားတဲ့သူက တကယ်ကို ပေါ့ပေါ့ပါးပါးပဲ။ သူခိုးတွေက အရင်ဆုံးနောက်ဖေးပေါက်ကနေ ဝင်ဖို့ကြိုးစားထားတာပါ။ မရတော့မှ ရှေ့က သံပန်းတံခါးကို ကျောက်တုံးခံပြီး မရမက ဖြဲဝင်တာပါ။ ပါသွားတဲ့ဖုန်းကို ဆက်ကြည့်ကြတော့ စည်ပင်က ထိန်းသိမ်းသွားတာပါဆိုပြီး ရိသဲ့သဲ့ပြောသွားပါသေးတယ်။ မေမီတို့ လက်ရှိ ဘာဆက်လုပ်ရမလဲဆိုတာ အကြံလေးပေးကြပါဦးရှင့်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

အဆိုပါ ဆိုင်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က စတင်ဖွင့်ခဲ့ပြီးတော့ ဆိုင်ဖွင့်ပွဲကြီးကို လာမယ့် ဇူလိုင်လမှာ ဆိုင်ဖွင့်ပွဲလုပ်ဖို့ စီစဥ်ထားတာလည်းဖြစ်ပါတယ်။ CCTV မှတ်တမ်းလေးပါတဲ့ ခိုးတဲ့ လူငယ် ၃ ယောက်စလုံး လူငယ်တွေအရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *