October 19, 2024

MT News
၁၁. ၆. ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် အမျိုးသမီးတစ်ဦးတည်းနေထိုင်သည့် တိုက်ခန်းတစ်ခုမှ ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၀ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ စုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄ဝ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စုမွန်ကျော်အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *