October 19, 2024

၁၁. ၆. ၂၀၂၄
Written by Ye Kyaw

၂၀၂၄-ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄-ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက် ၆ နာရီတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံစာစစ်ဌာနအနေဖြင့် ကျောင်းသူ/ကျောင်းသားများ အောင်စာရင်းကို ကြိုတင်သိရှိစေနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org မှ ယနေ့ နံနက် ၄ နာရီမှစ၍ ထုတ်ပြန်ကြေညာပေးခဲ့သည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ယနေ့တွင် ကြေညာပေးမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူဦးရေ၏ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဖြေဆိုခဲ့သည့် စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း အောင်ချက်မှာမူ ၅၈ ရာခိုင်နှုန်းသာရှိခဲ့၍ အောင်ချက်မှာမူအနည်းငယ်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *