October 18, 2024

၁၀. ၆. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ တက်ရောက်ခဲ့သည့် သန်လျင်တံတားအမှတ်-၃ ဖွင့်ပွဲအခမ်းအနားအား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မည့် တရားခံများဖြစ်သည့် NUG လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင် ၉ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး အဓိကစေခိုင်းသူမှာ ထိုင်းနိုင်ငံမဲဆောက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

NUG လက်အောက်ခံများ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့သည့်အတွက် အကြိမ်ကြိမ်ညှိနှိုင်းပြီးမှ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားတည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်တွင် သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး နေ့ညမပျက် ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိန်ကြီး (ခ)အောင်ထွေး ၂၆ နှစ်၊ ချိုကြီး (ခ) ဟိန်းထက်အောင် ၁၈ နှစ်၊ မင်းသူ ၃၀ နှစ်၊ မောင်ဟိန်း ၂၄ နှစ်၊ အောင်သူရထွန်း ၂၅ နှစ်၊ ပြည့်ဖြိုးဇော် ၁၈ နှစ်နှင့် ထက်အာကာလင်း ၂၆ နှစ်တို့ ၇ ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံးနှစ်လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြိုသစ် (တောင်ပိုင်း)မြိုနယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ) ကိုဇာ (၃၂)နှစ်အား ဒဂုံမြိုသစ် (တောင်ပိုင်း) မြိုနယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတိုဖြင့် လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး ပေါင်း ၉ ဦးတိုနှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Brigate Drone Force PDF အကြမ်းဖက်အဖွဲဝင် ဖမ်းဆီးရန် ကျန်တရားခံ အာကာမင်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ကြောင်း၊ သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်၍ လုပ်ကြံ ပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်မှ စိန်ကြီး(ခ)အောင်ထွေးအား ဆက်သွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတိုအား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့် စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင်တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ) ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိန်ကြီး(ခ) အောင်ထွေး၊ ချိုကြီး(ခ) ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုနောက် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနား ကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

သိုဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *