October 18, 2024

၁၀.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံတွင် ကျောင်းလာတက်နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား ကိုယ်အခန်းကိုယ်ပြန်မီးရှို့ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးစွဲချက်တင်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဘန်ကောက်မြို့ ဘန်ကာပီအရပ်ဒေသ ခါလွန်ချန်ရပ်ကွက်ရှိ ကွန်ဒိုမီနီယံတိုက်ခန်းတွင် လူတစ်ဦးက မီးရှို့ရန် ကြိုးပမ်းနေသည့်အတွက် လူအများ ဝရုန်းသုန်းကား ထွက်ပြေးနေကြောင်း သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများ ရောက်ရှိသွားချိန်တွင် အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာ နိုင်ငံသား ဖရေးဆိုသူသည် ကွန်ဒိုတိုက်ခန်း ၈ လွှာမြောက်ရှိ ၎င်း၏အခန်းကို မီးရှို့ရန် ကြိုးပမ်းနေခြင်းကို တွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသားသည် အော်ဟစ်နေပြီး လက်ထဲတွင် ဓားကိုင်ထားကြောင်း အခြားအခန်းတွင်နေထိုင်သူများက ကြောက် လန့်တကြား ထွက်ပြေးနေကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ရောက်ရှိချိန်တွင် ကွန်ဒိုတိုက်ခန်း ၈ လွာမှ မီးခိုးများထွက်နေသည်ကို တွေ့မြင်ရကြောင်း၊ မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံတွင် ကျောင်းလာတက်နေသူဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့သည် အခန်းကို မီးရှို့ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသားကို အချိန်မီ ဟန့်တားဖမ်းဆီးနိုင်ခဲ့ကာ စွဲချက်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားက လက်ထဲတွင် ဓားကိုင်ထားပြီး အခန်းကို မီးရှို့နေသည့်အတွက် အခြားတိုက်ခန်းတွင်နေထိုင်သူများ၏ ဘေးကင်းလုံခြုံမှုများအတွက် စိုးရိမ်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသား၏ပုံစံက စိတ်ဆိုးဒေါသဖြစ်မှု အမြင့်ဆုံးကို ရောက်ရှိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

REF thaiger

Leave a Reply

Your email address will not be published. Required fields are marked *