October 18, 2024

၁၀.၆.၂၀၂၄
Written by TZ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ နောင်ပိန်၊ နာမ်မိန်းကျောက်တိုက်အနီးတွင် ဆွမ်းဂျိုင့်ပို့ပြီးပြန်လာသည့် အသက်(၇) နှစ်အရွယ် ကိုရင်လေးကို မော်တော်ဆိုင်ကယ်တိုက်ခံရပြီး ညာဘက်ခြေထောက်ကျိုးသွားကြောင်း သိရသည်။

ဇွန်လ ၉ ရက် ညနေ (၅) နာရီကျော်တွင် မော်တော်ဆိုင်ကယ်တစ်စီးမှ ကိုရင်တစ်ပါးကို တိုက်မိပြီးထွက်ပြေးမောင်းနှင်းသွားကြောင်း၊ ထိုကိုရင်မှာ ညာဘက်ခြေသလုံးကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စတီးရိုးထည့်တာ ခုနှစ်သိန်းကုန်မယ်။ ဆိုင်ကယ်မောင်းတဲ့သူကိုတော့ မမိဘူး”လို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုမော်တော်ဆိုင်ကယ်တိုက်မိသော အသက် (၇) နှစ်အရွယ် ကိုရင်လေးမှာ နာမ်မိန်းကျောင်းတိုက်မှဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်မဲပြည်သူ့ဆေးရုံ၌ ဆေးကုသမူခံယူနေပြီး မိဘပြည်သူများအနေဖြင့် ထိုကိုရင်လေးကို လှူဒါန်းလိုပါက ဖုန်း ၀၉-၇၇၂၂၂၇၁၆၁ အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo -ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *