October 18, 2024

၁၀.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း ( ၇၀)၊ ၁၃၅ လမ်းနှင့်၁၃၆ လမ်းကြား၌ မျက်နှာတွင်ထိုးကြိတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို လောကပါလ လူမှုကူညီရေးအသင်းမှ ဇွန်လ ၁၀ ရက်တွင် သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်၊ နံနက် ၈:၃၀ အချိန်တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို အသင်းယာဥ်ဖြင့် သွားရောက်သယ်ဆောင်ပြီး ထိုရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အလောင်းပိုင်ရှင်တော့မတွေ့သေးဘူး။ Dead body တွေ့လို့သွားသယ်ပြီး ရင်ခွဲရုံပို့လိုက်တာ”လို့ လောကပါလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ထိုအမျိုးသားမှာ အသက် ( ၃၀) နှစ် ကျော်ရှိပြီး လက်ရှိအချိန်တွင် မည်သူများမှ ၎င်းကိုသတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

Photo – လောကပါလ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *