October 23, 2024

Photo - ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း

၁၀.၆.၂၀၂၄
Written by TZ

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးမှာ အဆုတ်ကင်ဆာဖြင့် သေဆုံးခဲ့ပြီးနောက် ဇွန်လ ၈ ရက်ညနေခင်းတွင် စင်ကာပူလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုအမျိုးသမီး၏ရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်သယ်ဆောင်ပြီး ထိုမှတဆင့် အလောင်းကို ဟင်္သာတမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာရှိနေအိမ်သို့ ဇွန်လ ၈ ရက် ည ၁၀ နာရီတွင် အရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“စင်ကာပူမှာ ကလေးထိန်းအလုပ်နဲ့လုပ်ကိုင်နေတာ။ ခုသေတဲ့ အမျိုးသမီးက အဆုတ်ကင်ဆာနဲ့ ဆုံးသွားတာ။ သူ့အလောင်းကို မိသားစုတွေက အကူအညီတောင်းလို့ သွားသယ်ပေးတာ။ အရင်ကလည်း မလေးမှာအလုပ်လုပ်ရင်းဆုံးသွားတဲ့ အမျိုးသားတစ်ဦးကို လေဆိပ်ကနေ သယ်ဆောင်ပေးဖူးတယ်။ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ”လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေစဉ် ထိုအမျိုးသမီးမှာ အဆုတ်ကင်ဆာဖြင့်သေဆုံးခဲ့ရခြင်းဖြစ်ပြီး အသက် ၃၂ နှစ် ရှိကြောင်း သိရသည်။


Photo – ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *