October 23, 2024

၁၀.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့၊ ဘူးကုန်းနှင့်ကုန်းတန်းအကြား၊ ဖွံ့ဖြိုးရေး တံတားနားရှိ ရေ မြောင်းထဲတွင် အရက်သောက်ပြီး ရေဆင်းချိုးသည့် အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၈ ရက်၊ မွန်းလွဲ ၁၂:၁၅ နာရီအချိန်တွင် ထိုဖွံ့ ဖြိုးရေးတံတားနားရှိ ရေမြောင်းထဲတွင် ကလေးများ ရေဆင်းချိုးရာတွင် ရေပေါ်၌ပေါ်နေသည့် ရုပ်အလောင်းကိုတွေ့ရ၍ ဝါးလုံးဖြင့်ဆယ်ပြီး တာဝန်ရှိသူများကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အရက်သောက်ပြီး ရေဆင်းချိုးတာဖြစ်မယ်။ ရေကလွှတ်ထားတော့ ရေတော်တော်များတယ်။ အဲ့မှာ ရေနစ်ပြီးသေတာ။ ရေနစ်သေတဲ့အလောင်းဆို နှစ်ရက်လောက်ဆိုရင်ပေါ်တာ”ဟု ထာဝရလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ထိုရေနစ်သေဆုံးသည့် အမျိုးသားမှာ ကုန်းတန်းကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *