October 23, 2024

မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်တွေ့ဆုံမှုကို တွေ့ရစဥ်

၂၂. ၁၂. ၂၀၂၂
Written by Ye Kyaw

လျှပ်စစ်ရထား ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိသည့်အတွက် လျှပ်စစ်ဓာတ်အားသုံး မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာ့မီးရထား စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများနှင့် သွား‌ရောက်တွေ့ဆုံစဥ် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်ခေါင်းစက်ရုံ (အင်းစိန်)သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းစက်ရုံအနေဖြင့် ရှေးကတည်းကပင် မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတွင် ရထားများကို စတင်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံများစွာရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့ နိုင်ငံ၌ လျှပ်စစ်ရထား ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံအတွင်း၌ရှိသည့် သယံဇာတအရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများသည် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်းများ ဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများကို စဥ်းစားဆောက်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *