September 20, 2024

၉.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၃) လမ်း၊ သံလမ်းအနီး ရပ်ထားသည့် Toyota Fielder အမျိုးအစား Taxi ကားတစ်စီးပေါ် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုယာဥ်၏ ခေါင်းခြမ်း၌လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ထိုးသွင်းဒဏ်ရာနှင့် သေဆုံးနေသည်ကို တာဝန်ရှိရဲများမှ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းရဲ့ ဘယ်ဘက်ထိုင်ခုံမှာ ဓားဒဏ်ရာနဲ့သေနေတာ။ ဘယ်ဘက်ရင်ဘက်မှာ ဓားဒဏ်ရာတစ်ချက်နဲ့သေနေတာ။ တခြားအကြောင်းအရာတွေတော့မသိဘူး” ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့​ ဖြေကြားသည်။

ဓားဒဏ်ရာများဖြင့်သတ်ဖြတ်ခံရသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး၊ ရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကို ပို့လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ -မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *