October 23, 2024

၂၂. ၁၂. ၂၀၂၂
ရိုက်ကူး/တည်းဖြတ် ၊ နဒီ၊ ဟေမာ

လှယဥ်ကျေးမယ်ဘဝကနေ မိဘသဘောမတူသူနဲ့ အိမ်ထောင်ကျပြီး နေအိမ်လမ်းဘေးမှာ မုန့်ဟင်းခါးရောင်းရပြီး ရောင်းရငွေနဲ့ အမျိုးသားရဲ့ ကျောင်းစရိတ် ထောက်ပံ့ခဲ့ရတယ်ဆိုတဲ့ အသက် ၅၁ နှစ်အရွယ် အိမ်ထောင်ရှင်အလှမယ် မေမုဒြာဟာ ဖိလစ်ပိုင်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာအိမ်ထောင်ရှင်အလှပြိုင်ပွဲမှာ Winner ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Supra Myanmar Beauty pageant က နိုဝင်ဘာ ၁ ရက်ကနေ ၆ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ I am Model Search Mrs. International 2022 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ချိန်မှာ အသက် ၅၁ နှစ် အရွယ်ရှိ “Mrs. မေမုဒြာ”ဟာ Main Winner ဆုဆွတ်ခူးခဲ့ပါတယ်။

ပြိုင်ပွဲ မပြိုင်ခင် ၁၅၈ ပေါင်အထိ ခန္ဓာကိုယ် ဝိတ်တက်ခဲ့သလို ဒီလိုပြိုင်ချိန်မှာလည်း ရပ်ကွက်ထဲက ဘယ်သူ့ကိုမှ မပြောဘဲ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီး ပြည်ပပြိုင်ပွဲမသွားခင် ဒီဇိုင်နာ ကိုအောင်မြတ်သူ(ခ) ကိုသာဂိ အကြံဉာဏ်နဲ့ ပေါင် ၂၀ ကျော်အထိ ဝိတ်ချခဲ့‌တယ်ဆိုတဲ့အကြောင်းတွေနဲ့ သူမရဲ့ဘဝ အနိမ့်အမြင့် အတက်အကျတွေအကြောင်းကို MT News ရဲ့ ဒီရုပ်သံလေးမှာ နားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *