September 21, 2024

၈.၆.၂၀၂၄
Translated by Htwe Ko Tun

ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင်ကို ကိုပင်ဟေဂင်မြို့အတွင်း လူတစ်ဦးက ဇွန်လ ၇ ရက် ညနေပိုင်းတွင် တွန်းထိုးတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါလူကို ဖမ်းဆီးမိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ကိုပင်ဟေဂင်မြို့၏ ကူလ်တောဗတ်ရင်ပြင်၌ ထိုလူက ဝန်ကြီးချုပ်ကို ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကာ ဝန်ကြီးချုပ်မှာလည်း ထိုဖြစ်ရပ်‌ကြောင့် ထိတ်လန့်သွားခဲ့ရကြောင်းကြေညာချက်က ဖော်ပြခဲ့သည်။ သို့သော် ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အသေး စိတ်ပြောကြားခြင်းမရှိသေးဘဲ ဝန်ကြီးချုပ်အနေနှင့်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိဟု တာဝန်ရှိသူများက ပြောကြားခြင်းမရှိပေ။

အနီးရှိမျက်မြင်တွေ့ရှိသူနှစ်ဦးက ဝန်ကြီးချုပ်ဖရက်ဒရစ်ဆင်မှာ ညနေခြောက်နာရီမထိုးမီ ကူလ်တောဗတ်ရင်ပြင်သို့ရောက် လာခဲ့ပြီး ထိုအချိန်တွင် လူတစ်ယောက်က ဝန်ကြီးချုပ်အနီးသို့လျှောက်လာခဲ့ကာ ဝန်ကြီးချုပ်၏ပခုံးကို အရှိန်ဖြင့် ပြေးတိုက်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။ ပြင်းထန်သောအရှိန်ဖြင့် ပြေးဆောင့်ခဲ့သော်လည်း ဝန်ကြီးချုပ်မှာ မြေပြင်သို့ လုံးဝပုံလဲကျသွားခြင်းမရှိခဲ့ဘဲ ပြန်လည်ထကာ အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်နေခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။

ဝင်တိုက်သောလူက အရပ်မြင့်၍သေးသွယ်ကာ ၎င်းကထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အနီးရှိဝတ်စုံများဝတ်ထားသူ များက မြေပေါ်တွန်းလှဲကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။

ရဲတပ်ဖွဲ့ကထုတ်ပြန်သောကြေညာချက်တစ်ရပ်တွင်လည်း ဝန်ကြီးချုပ်ဖရက်ဒရဟ်ဆင်အား ကူလ်တောဗက်ရင်ပြင်တွင်လူတစ်ဦးက တွန်းထိုးတိုက်ခိုက်မှုမှန်ကန်ကြောင်း၊ ထိုဖြစ်ရပ်အတွက် ဆက်လက်စုံစမ်းနေကြောင်း၊ ယခုအချိန်တွင် အမှုအတွက် တစ်စုံတစ်ရာဝေဖန်ထင်မြင်ချက်မပေးလိုသေးကြောင်း ပြောခဲ့သည်။

Ref- CBS News

Leave a Reply

Your email address will not be published. Required fields are marked *