September 21, 2024

၈. ၆. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်သက်ဝင်း (ခ) ထိပ်ကြီးအသက် (၅၅)နှစ်ခန့်အား ပဲခူးတိုင်း၊ နွေဦးရောင်ခြည်စစ်ဆင်ရေးအနေဖြင့် လက်ပံတန်း PDF အဖွဲ့ဖြစ်သော ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၇ ရက် မနက် ၁၀ နာရီခွဲခန့်တွင် မင်းရပ်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဦးဇော်သက်ဝင်းသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည့်အပြင် မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ဦးဇော်သက်ဝင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများနှင့် ဖမ်းဆီးခံရသည့် ပြည်သူအများအပြားရှိခဲ့သလို စစ်မှုထမ်းခေါ်သည့် ကိစ္စများတွင်လည်းဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့်အတွက် သတ်ဖြတ်သည်ဟုလည်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတ်ဖြတ်မှုအပေါ် အကြောင်းပြချက်ပေးသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် မေလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *