September 21, 2024

၈. ၆. ၂၀၂၄
Written by NayMoe

ပိုင်ဆိုင်တဲ့ ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်လုပ်နေတဲ့ရာအိမ်မှူးတစ်ဦးကို PDF ၄ ဦးက သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်သတ်ပြီး ငွေနဲ့ဖုန်း လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ် (ရွာမ)ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအောင်ထွန်း(ခ)ထွန်းထွန်း(၄၂)နှစ်ဟာ ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်လုပ်ကိုင်နေချိန် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်၊ ဓားတွေနဲ့ ပစ်ခတ်ထိုးခုတ်ကာ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ငွေ ၈၀၀၀၀ ကျပ် လုယက်ယူဆောင်ထွက်ပြေးသွားခဲ့တာပါ။

ဒီလိုမျိုး လုယက်သတ်ဖြတ်တာကြောင့် ဦးအောင်ထွန်း(ခ)ထွန်းထွန်းဟာ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့က လိုအပ်တဲ့ နယ်မြေရှင်းလင်းမှုနဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *